တာလေမြို့အဝင်တွင် ကားနှင့်ဆိုင်ကယ် အရှိန်ပြင်းစွာ တိုက်မိရာက တစ်ဦးသေဆုံး

တာလေမြို့အဝင်တွင် ကားနှင့်ဆိုင်ကယ် အရှိန်ပြင်းစွာ တိုက်မိရာက တစ်ဦးသေဆုံး
ဖေဖော်ဝါရီ 23, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

တာချီလိတ်ခရိုင်အတွင်း တာလေမြို့အဝင်ဆိုင်းဘုတ်အနီးတွင် ကားနှင့်ဆိုင်ကယ် အရှိန်ပြင်းစွာ တိုက်မိရာမှ ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးနေရာတွင်  သေဆုံးသွားကြောင်း သိရသည်။

နားယောင်းကျေးရွာအုပ်စု၊ နားယောင်းရွာဘက် တာလေမြို့အဝင် ဆိုင်းဘုတ်အနီးတွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ဘက်မှ လာသည့်  မော်တော်ယာဉ်နှင့် တာလေမြို့ဘက်က သွားသည့် ဆိုင်ကယ်တို့ အရှိန်ပြင်းစွာ တိုက်မိရာပြီး ဆိုင်ကယ်မောင်းလာသူ အမျိုးသားမှာ နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

မော်တော်ကားတွင် ယာဉ်မောင်းတစ်ဦးသာ ပါရှိပြီး ယာဉ်တိမ်းမှောက်မှုကြောင့်  မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း နှင့် ဆိုင်ကယ်မောင်းလာသူမှာလည်း တစ်ဦးတည်း မောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ဘက်မှ လာသည် ကားမှာ အရှိန်ပြင်းပြီး လမ်း၏ ဆန့်ကျင်ဘက်သို့ ရောက်ကာ တိမ်းမှောက်သွားပြီး ဆိုင်ကယ်မှာလည်း ပျက်စီးသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ၏ ရုပ်အလောင်းအား တာလေမြို့ လောကပါလ ပရဟိတလူမှုကူညီရေးအသင်းက သယ်ဆောင်ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။



Tachileik News Agency

ဓါတ်ပုံ - လောကပါလ ပရဟိတလူမှုကူညီရေးအသင်း(တာလေ)