တာချီလိတ် Quarantine Center တွင် ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ (၇၉) ဦး ထပ်တိုးလာ၍ Quarantine ထားရှိသူ စုစုပေါင်း (၁၄၀) ဦးရှိနေ

တာချီလိတ် Quarantine Center တွင် ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ (၇၉) ဦး ထပ်တိုးလာ၍ Quarantine ထားရှိသူ စုစုပေါင်း (၁၄၀) ဦးရှိနေ
ဇူလိုင် 1, 2020
By 🌸
တာချီလိတ် Quarantine Center တွင် ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ (၇၉) ဦး ထပ်တိုးလာ၍ Quarantine ထားရှိသူ စုစုပေါင်း (၁၄၀) ဦးရှိနေ

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၇၉) ဦးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ လွှဲပြောင်းလာရာ COVID 19 စစ်ဆေးရန် မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ quarantine ထားရှိသည်။

နယ်စပ်ချောင်း တရားမဝင်ဖြတ်ကူးခြင်းအပါအဝင် ထိုင်းနိုင်ငံဘက်တွင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား အမျိုးသား (၄၅) ဦးနှင့် အမျိုးသမီး (၃၄) ဦးတို့ကို မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား တာချီလိတ်ဘက်ခြမ်း၌ လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်မှ တာဝန်ရှိသူများက စိစစ်လက်ခံကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြည်တော်ပြန်များအနက် တာချီလိတ်ဒေသခံများ၊ ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူများကို မိုးကုတ်ဝိပဿနာ တရားရိပ်သာရှိ Quarantine Center တွင် ထားရှိကာ COVID 19 ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်ရာ အဆိုပါ Quarantine Center ၌ ဇွန်လ (၂၃)ရက်နေ့က ထိုင်းနိုင်ငံမှ ဝင်လာသူ (၅၃)ဦးနှင့် ဇွန်လ (၂၄)ရက်နေ့က လာအိုနိုင်ငံမှ ဝင်လာသူ (၈)ဦးတို့လည်း ရှိနေခြင်းဖြစ်သည်။

တာချီလိတ်မိုးကုတ်ဝိပဿနာ တရားရိပ်သာတွင် quarantine ဝင်သူများအတွက် စားသောက်စရိတ်အတွက် တာချီလိတ်မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များက အခြေခံစားသောက်ကုန်များ ထောက်ပံ့ကာ ဟင်းဖိုးအဖြစ် တစ်ရက်လျှင် (၃)နပ်စာကို ဘတ် (၅၀) နှုန်းဖြင့် စားစရိတ်မျှဝေကျခံသည့်စနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည်။

Quantine ထားရှိသူများကို စရိတ်မျှပေးစနစ်ဖြင့် ထားရှိသော်လည်း ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှဲပြောင်းလာသူများတွင် ငွေကြေးမတတ်နိုင်သူများပါရှိပါက စားသောက်စရိတ်ကို တာချီလိတ်ခရိုင်/မြို့နယ် COVID ကော်မတီမှ ကျခံပေးပြီး နေရပ်ပြန်နိုင်ရေးအတွက်လည်း ခရီးစရိတ်ကိုလည်း ကျခံပေးနေရကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~