တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂဈာပနအတွက် ဝစီပိတ်ဆရာတော် ဦးဆောင်၍ ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေး

တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂဈာပနအတွက် ဝစီပိတ်ဆရာတော် ဦးဆောင်၍ ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေး
အောက်တိုဘာ 22, 2019
By 🌸
တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂဈာပနအတွက် ဝစီပိတ်ဆရာတော် ဦးဆောင်၍ ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပရေးအတွက် ဝစီပိတ်ဆရာတော်ဦးဆောင်ပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့နှင့် ဒကာ၊ဒကာမများက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နှင့် (၂၂)ရက်နေ့များတွင် ညှိနှိုင်းဆွေးနွေးကြသည်။

မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏  အန္တိမအဂ္ဂိဈာပနကို ဧည့်ပရိတ်သတ်ပေါင်း တစ်သိန်းတက်ရောက်မည်ဟု ခန့်မှန်းထားပြီး အန္တိမအဂ္ဂိဈာပန စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီ (၁၂) ခု၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဝစီပိတ်ဆရာတော်ဦးဆောင်ကာ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ဆွေးနွေးနေကြခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအား တာချီလိတ်မြို့မ သုသာန်သစ်(ပုံလို့)တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ပြုလုပ်မည်ဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဆရာေတာ္၏ အႏၱိမအဂၢစ်ာပနအတြက္ ဝစီပိတ္ဆရာေတာ္ ဦးေဆာင္၍ ဆပ္ေကာ္မတီမ်ား၏ လုပ္ငန္းညိႇႏိႈင္းေဆြးေနြး

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနက်င္းပေရးအတြက္ ဝစီပိတ္ဆရာေတာ္ဦးေဆာင္ၿပီး ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာမ်ား၊ ေဂါပကအဖြဲ႕ႏွင့္ ဒကာ၊ဒကာမမ်ားက ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ႏွင့္ (၂၂)ရက္ေန႔မ်ားတြင္ ညိႇႏိႈင္းေဆြးေႏြးၾကသည္။

မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဦးစီးပဓာန နာယက ဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏  အႏၱိမအဂၢိစ်ာပနကို ဧည့္ပရိတ္သတ္ေပါင္း တစ္သိန္းတက္ေရာက္မည္ဟု ခန္႔မွန္းထားၿပီး အႏၱိမအဂၢိစ်ာပန စည္ကားသိုက္ၿမိဳက္စြာက်င္းပႏိုင္ေရးအတြက္ ဆပ္ေကာ္မတီ (၁၂) ခု၏ လုပ္ငန္းညိႇႏိႈင္း အစည္းအေဝးကို ဝစီပိတ္ဆရာေတာ္ဦးေဆာင္ကာ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္၌ ေဆြးေႏြးေနၾကျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္၏ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပန အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕မ သုသာန္သစ္(ပံုလို႔)တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔၌ ျပဳလုပ္မည္ျဖစ္သည္။

Tachileik News Agency
သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net