တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ဆိုင်ကယ်မောင်းလိုင်စင်အား ၂၀၁၉ခုနှစ် ဇွန်လ(၂၁)ရက်နေ့ နံနက်(၉)နာရီက စ၍ ပြုလုပ်ပေးနေပြီး နေ့လည်(၂)နာရီအထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများ အနေဖြင့် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,၀၀၀)၊ (က) လိုင်စင် ပြုလုပ်ပါက ကျပ် (၂၅,၀၀၀) ကျသင့်မည်ဖြစ်ပြီး လျှောက်ထားသူများအနေဖြင့် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင်လာရောက်လျှောက်ထားရမည် ဖြစ်သည်။
တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)တို့ ပူးပေါင်းကာ ဆိုင်ကယ်မောင်းနှင်သူတိုင်း ဆိုင်ကယ်မောင်းလိုင်စင်ရှိစေရေးအတွက် အထူးနယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးနေခြင်း ဖြစ်ပြီး ဇွန်လ(၂၀)ရက်နေ့က အဆိုပါ ရှမ်းရိုးမကွင်းတွင် ဆိုင်ကယ်မောင်းလိုင်စင်အား ပြုလုပ်ပေးရာ လူပေါင်း (၆၀)မှ လာရောက် ဆောင်ရွက်ကြကြောင်း သိရသည်။
Tachileik News Agency
ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများ အနဖြေင့် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင် ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး လျှောက်ထားသူများအနဖြေင့် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင်လာရောက်လျှောက်ထားရမည် ဖြစ်သည်။
တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)တို့ ပူးပေါင်းကာ ဆိုင်ကယ်မောင်းနှင်သူတိုင်း ဆိုင်ကယ်မောင်းလိုင်စင်ရှိစေရေးအတွက် အထူးနယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးနခြေင်း ဖြစ်ပြီး ဇွန်လ(၂၀)ရက်နေ့က အဆိုပါ ရှမ်းရိုးမကွင်းတွင် ဆိုင်ကယ်မောင်းလိုင်စင်အား ပြုလုပ်ပေးရာ လူပေါင်း (၆၀)မှ လာရောက် ဆောင်ရွက်ကြကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း