မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ပထမဆုံးစောင့်ကြည့်လူနာ၌ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိပြီး ကျန်းမာရေးကောင်းမွန်နေပြီဖြစ်၍ ၂၀၂၀ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
ကူမင်း - မန္တလေး - တာချီလိတ်လမ်းကြောင်းအတိုင်းလာသည့် တရုတ်နိုင်ငံသား (၂)ဦးအနက် (၁)ဦးမှာ မတ်လ (၁၆) ရက်နေ့က ကိုယ်အပူချိန်မြင့်နေသဖြင့် ၎င်းနှင့်အတူပါလာသည့် တရုတ်နိုင်ငံသားအပါအဝင် (၂)ဦးလုံးကို ခရိုင်ပြည်သူ့ဆေးရုံကြီး သီးသန့်ကုသခန်းတွင်ထားရှိပြီး ဓါတ်ခွဲနမူနာပို့စစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တရုတ်နိုင်ငံသား၏ ဓါတ်ခွဲစစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ ည (၈) နာရီတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ တရုတ်နိုင်ငံသားမှာ တာချီလိတ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေစဉ် ကိုယ်အပူချိန်မြင့်သဖြင့် ဆေးရုံတွင် သီးသန့်စောင့်ကြည့်ကုသမှုခံယူထားခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ပါလာသူတစ်ဦးကိုပါ ဆေးရုံစောင့်ကြည့်လူနာခန်းတွင် ခေါ်ဆောင်ထားခြင်းဖြစ်သည်။
Tachileik News Agency
ဆက်စပ်သတင်း
တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုရိုနာစောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိ
တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ တရုတ်နိုင်ငံသား ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့