~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
*************
ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၈)ကျောင်းမှ ထောက်ပံ့ငွေမရသသည့် ဆရာ၊ဆရာမ (၂၃)ဦးအတွက် ပြည်နယ်အစိုးရက ထောက်ပံ့သည့် တစ်ကျောင်းလျှင် ကျပ်(၁၀)သိန်းစီကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ပေးအပ်လိုက်ကြောင်း သိရသည်။
ပြည်နယ်တွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၈)ကျောင်းမှ ဆရာ၊ဆရာမ (၅၂)ဦးရှိသည့်အနက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက ဆရာဆရာမ(၂၉)ဦးကိုသာ ထောက်ပံ့ငွေပေးအပ်နိုင်သဖြင့် ကျန်ဆရာဆရာမ (၂၃)ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်တွင်းမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သည့် လွိုင်ကော်မြို့နယ်ရှိ ရတနာသီရိ (မူလွန်)ကျောင်း၊ တောင်မော့ (မူလတန်း)ကျောင်း၊ ရွှေလက်ဝါး(မူလတန်း)ကျောင်း၊ မဟာပုညကာရီ (မူလွန်)ကျောင်း၊ မဟာဓမ္မဝိဟာရီ(မူလွန်)ကျောင်းနှင့် ဒီးမော့ဆိုမြို့နယ်ရှိ မြို့မဗဟို(မူလတန်း)ကျောင်း၊ ဒေါဘိုးစီ (မူလွန်)ကျောင်း၊ ထီးပွင့်ကန်(မူလတန်း) ကျောင်းတို့မှ တာဝန်ရှိသူများကို ပြည်နယ်အစိုးရရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ အသိအမှတ်ပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၈)ကျောင်းတွင် ဆရာ/ဆရာမ(၅၂)ဦးနှင့် ကျောင်းသားကျောင်းသူ (၁၁၃၅)ဦး ရှိနေကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ဆြာချစ်