၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၁၈)၏ သဘောတူညီချက်အရ ယင်းကဲ့သို့ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အောက်သို့ ရွှေ့ပြောင်းရန် မူဝါဒနှင့် ညွှန်ကြားချက်များကျပြီးဖြစ်၍ ရွှေ့ပြောင်းနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့က သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ရှိနေရာမှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်က စတင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။
Tachileik News Agency