ကယားျပည္နယ္အတြင္းမွ ေက်းရြာေပါင္း (၄၇)ရြာ စုေပါင္းက်င္းပျပဳလုပ္သည့္ (၃)ႀကိမ္ေျမာက္ ကယားလိဖုလူငယ္ စုေပါင္း အဲ့ဒိုေပၚမီပြဲေတာ္အား ဖရူဆိုၿမိဳ႕နယ္၊ ဆိုလ်ားကူးေက်းရြာတြင္ က်င္းပျပဳလုပ္ရာ ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႔၀င္မ်ားအား ဖိတ္ၾကားထားေသာ္လည္း တက္ေရာက္လာျခင္း မရွိေၾကာင္း သိရသည္။
အဆိုပါ ပြဲေတာ္အား ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၂၈)ရက္ေန႔မွ စက္တင္ဘာလ(၂၉)ရက္ေန႔အထိ က်င္းပျခင္းျဖစ္ေၾကာင္း ႏွင့္ ပြဲေတာ္သို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္( ႏွစ္ဦး၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္(တစ္ဦးတို႔သာ တတ္ေရာက္ အားေပးခဲ့ၾကၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႔ဝင္မ်ားကို အထူးဖိတ္ၾကားခဲ့ေသာ္လည္း တက္ေရာက္လာျခင္း မရွိေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ အထူးဝမ္းနည္းတာကေတာ့ ကြၽန္ေတာ္တို႔ တိုင္းရင္းသားေတြရဲ႕ အေလးနက္ထားဆုံး ဒီပြဲကို ျပည္နယ္အစိုးရ အဖြဲ႔ေတြ ဝန္ႀကီးခ်ဳပ္ကစၿပီးေပါ့၊ ေသခ်ာဖိတ္ၾကားခဲ့ေပမယ့္ လာတက္ေရာက္ျခင္း မ႐ွိဘူး၊ ေတာ္ေတာ္ စိတ္မေကာင္း ျဖစ္မိတယ္။ ကိုယ့္ျပည္နယ္ရဲ႕ ဒီလို ကိုယ့္တိုင္းရင္းသားေတြရဲ႕ အေရးႀကီးဆုံး ပြဲေတာ္ကို မလာဘူး ဆိုတာေတာ့ ကြၽန္ေတာ္တို႔ ဘယ္လို ဆက္ၿပီး အားကိုး ရမလဲေပါ့ ။ ေတာ္ေတာ္ စိတ္မေကာင္းဘူး"ဟု ပြဲျဖစ္ေျမာက္ေရးေကာ္မတီ ဥကၠဌ ဦးတူရယ္က အဆိုပါ ပြဲ၏ အခမ္းနားတြင္ ေျပာၾကား လိုက္သည္။
ပြဲေတာ္တြင္ အဲ့ဒိုေပၚမီပြဲေတာ္ ျဖစ္ေပၚလာပုံ သမိုင္းေၾကာင္းမ်ား ျပန္လည္ေျပာျပျခင္း၊ ကိုယ္စာလွယ္မ်ားမွ အမွာ စကားေျပာၾကားျခင္း၊ စုေပါင္း႐ုိးရာ အဲ့ဒိုေပၚမီ အကအား ပြဲတတ္ေရာက္လာသူတိုင္း စုေပါင္း ကခုန္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။
ျပည္သူ႔လႊတ္ေတာ္ကိုယ္စာလွယ္ ေဒါက္တာေဒၚခင္စည္သူက မ်ိဳးဆက္သစ္လူငယ္မ်ား အေနျဖင့္ အခုလို ႐ုိးရာ အစဥ္အလာပြဲေတာ္မ်ား ဓေလ့ ႐ုိးရာမ်ား အေပၚ ထိန္းသိမ္းမႈ႕မွာ အလြန္အားနည္းေနၿပီး၊ လူမ်ားအေနျဖင့္ ႐ုိးရာ ယဥ္ေက်းမႈ႕မ်ားအား ျပန္လည္ေဖာ္ထုတ္ ထိန္းသိမ္းၾကရန္ အၾကံျပဳ ေျပာၾကားခဲ့သည္။
ပြဲေတာ္အား ၂၀၁၈ခုႏွစ္ စက္တင္ဘာလ (၂၈)ရက္မွစ၍ ႐ုိးရာအကၿပိဳင္ပြဲမ်ား ျဖင့္ စတင္က်င္းပခဲ့ျခင္းျဖစ္ၿပီး စက္တင္ဘာလ(၂၉)ရက္ေန႔တြင္ အခမ္းအနားျဖင့္ က်င္းပခဲ့ကာ ႐ုိးရာ အဲ့ဒိုေပၚမီ ပြဲေတာ္၏ အမွတ္လကၡဏာ ျဖစ္သည့္ ဒီးကူထုပ္ ႏွင့္ ေခါင္ရည္မ်ား ေကြၽးေမြးဧည့္ခံျခင္း ၊ ေန႔လည္စာ ဧည့္ခံျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။
သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း
အဆိုပါ ပွဲတော်အား ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့မှ စက်တင်ဘာလ(၂၉)ရက်နေ့အထိ ကျင်းပခြင်းဖြစ်ကြောင်း နှင့် ပွဲတော်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်( နှစ်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(တစ်ဦးတို့သာ တတ်ရောက် အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို အထူးဖိတ်ကြားခဲ့သော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
"ကျွန်တော်တို့ အထူးဝမ်းနည်းတာကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အလေးနက်ထားဆုံး ဒီပွဲကို ပြည်နယ်အစိုးရ အဖွဲ့တွေ ဝန်ကြီးချုပ်ကစပြီးပေါ့၊ သေချာဖိတ်ကြားခဲ့ပေမယ့် လာတက်ရောက်ခြင်း မရှိဘူး၊ တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ့်ပြည်နယ်ရဲ့ ဒီလို ကိုယ့်တိုင်းရင်းသားတွေရဲ့ အရေးကြီးဆုံး ပွဲတော်ကို မလာဘူး ဆိုတာတော့ ကျွန်တော်တို့ ဘယ်လို ဆက်ပြီး အားကိုး ရမလဲပေါ့။ တော်တော် စိတ်မကောင်းဘူး"ဟု ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးတူရယ်က အဆိုပါ ပွဲ၏ အခမ်းနားတွင် ပြောကြား လိုက်သည်။
ပွဲတော်တွင် အဲ့ဒိုပေါ်မီပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ ပြန်လည်ပြောပြခြင်း၊ ကိုယ်စာလှယ်များမှ အမှာ စကားပြောကြားခြင်း၊ စုပေါင်းရိုးရာ အဲ့ဒိုပေါ်မီ အကအား ပွဲတတ်ရောက်လာသူတိုင်း စုပေါင်း ကခုန်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါက်တာဒေါ်ခင်စည်သူက မျိုးဆက်သစ်လူငယ်များ အနဖြေင့် အခုလို ရိုးရာ အစဉ်အလာပွဲတော်များ ဓလေ့ ရိုးရာများ အပေါ် ထိန်းသိမ်းမှု့မှာ အလွန်အားနည်းနပြေီး၊ လူများအနဖြေင့် ရိုးရာ ယဉ်ကျေးမှု့များအား ပြန်လည်ဖော်ထုတ် ထိန်းသိမ်းကြရန် အကြံပြု ပြောကြားခဲ့သည်။
ပွဲတော်အား ၂၀၁၈ခုနှစ် စက်တင်ဘာလ (၂၈)ရက်မှစ၍ ရိုးရာအကပြိုင်ပွဲများ ဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ(၂၉)ရက်နေ့တွင် အခမ်းအနားဖြင့် ကျင်းပခဲ့ကာ ရိုးရာ အဲ့ဒိုပေါ်မီ ပွဲတော်၏ အမှတ်လက္ခဏာ ဖြစ်သည့် ဒီးကူထုပ် နှင့် ခေါင်ရည်များ ကျွေးမွေးဧည့်ခံခြင်း၊ နေ့လည်စာ ဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း