မေကြးတိုင္းေဒသႀကီးတြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၈)ရက္ေန႔အထိ ရာသီတုပ္ေကြး H1N1 ပိုးေတြ႔ရိွလူနာ (၉)ဦးရိွၿပီး (၁)ဦး ေသဆံုးခဲ့ေၾကာင္း မေကြးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။
“မေကြးတိုင္းအေနနဲ႔ ရာသီတုပ္ေကြး H1N1 သံသယရိွလူနာကို ၂၀၁၉ခုႏွစ္ ဇြန္လ(၁၀)ရက္ေန႔မွာ စၿပီး ေတြ႔ခဲ့ရတာပါ။ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၇)ရက္ေန႔အထိ H1N1 သံသယရိွလူနာ (၁၉)ဦးကို ဓာတ္ခြဲစစ္ေဆး ခဲ့တာမွာ H1N1 ပိုး ေတြ႔ရိွသူ (၉)ဦး ရိွခဲ့ၿပီး (၁)ဦး ေသဆံုးခဲ့ပါတယ္”ဟု မေကြးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ေမာင္သန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ အတည္ျပဳေျပာၾကားသည္။
မေကြးတိုင္းေဒသႀကီးတြင္ ေအာင္လံၿမိဳ႕နယ္မွ( ၆)ဦး၊ သရက္ၿမိဳ႕နယ္မွ(၂)ဦး၊ နတ္ေမာက္ၿမိဳ႕နယ္မွ (၁)ဦး ရာသီတုပ္ေကြး H1N1 ပိုး ေတြ႔ရိွခဲ့ျခင္းျဖစ္ရာ လူနာမ်ားမွာ (၂)ႏွစ္၊ (၅)ႏွစ္၊ (၆)ႏွစ္၊ (၉)ႏွစ္၊ (၂၅)ႏွစ္၊ (၃၂)ႏွစ္ ႏွင့္ (၅၀)ႏွစ္ အရြယ္မ်ားျဖစ္ၾကၿပီး ေအာင္လံၿမိဳ႕နယ္မွ အသက္(၉)ႏွစ္အရြယ္ရိွ ကေလး(၁)ဦးမွာ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၃)ရက္ေန႔က ေအာင္လံေဆးရံု၌ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေရာဂါျဖစ္ပြားသူက ႏွာေခါင္းနဲ႔ပါးစပ္ေတြကို အုပ္ကာျခင္းမရိွဘဲ ႏွာေခ် ေခ်ာင္းဆိုးခဲ့ရင္ ေရာဂါပိုးပါတဲ့ အမႈန္အမႊားေတြဟာ (၆)ေပေလာက္အထိ ျပန္႔သြားႏိုင္ပါတယ္။ အဲဒီအမႈန္အမႊားေတြကို တိုက္ရိုက္ရွဴရိွဳက္မိ ရင္ေသာ္ လည္းေကာင္း၊ ေရာဂါပိုးကပ္ျငိေနတဲ့ အရာဝတၳဳပစၥည္းေတြက တစ္ဆင့္ထိမိ ကိုင္မိရင္ေသာ္လည္း ေကာင္း ေရာဂါကူးစက္ႏိုင္တာေၾကာင့္ ႏွာေခါင္းနဲ႔ ပါးစပ္ေတြကို ပိတ္ၿပီးမွ ႏွာေခ်ေခ်ာင္းဆိုးသင့္ပါတယ္။ ေရာဂါကူးစက္ မခံရေအာင္ကေတာ့ အဓိက လက္ကို မၾကာခဏ ဆပ္ျပာနဲ႔ ေဆးေၾကာရပါမယ္။ လူထူထပ္ရာ ေနရာေတြကိုလည္း တတ္ႏိုင္သမွ် ေရွာင္ၾကဥ္သင့္ပါတယ္”ဟု ေဒါက္တာခင္ေမာင္သန္းက ေျပာသည္။
မေကြးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနအေနျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္စုအလိုက္ ေစာင့္ၾကပ္ၾကည့္ရႈလုပ္ ငန္းမ်ား၊ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား၊ အသိပညာေပးလုပ္ငန္းမ်ားႏွင့္ ခ်က္ခ်င္းတုန္႔ျပန္ေဆာင္ရြက္သည့္ လုပ္ငန္းစဥ္မ်ားျဖင့္ ေဆာင္ရြက္လွ်က္ရိွၿပီး လိုအပ္ပါက ခ်က္ခ်င္းေသြးေဖာက္စစ္ႏိုင္သည့္ ပစၥည္း ကိရိယာမ်ားကိုလည္း ၿမိဳ႕နယ္မ်ားအလိုက္ ျဖန္႔ေဝထားေၾကာင္း သိရသည္။
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ အတည္ျပဳထုတ္ျပန္ထားသည့္ စာရင္းဇယားမ်ားအရ ၂၀၁၉ခုႏွစ္ ဇူလိုင္လ (၁၇)ရက္ေန႔အထိ တစ္ႏိုင္ငံလံုးတြင္ ရာသီတုတ္ေကြးေရာဂါ H1N1 ျဖစ္ပြား သူစုစုေပါင္း (၂၈၁) ေယာက္ရိွသည့္ အနက္ (၅၆)ေယာက္ ေသဆံုးၿပီး ယင္းေသဆံုးသူမ်ားအနက္ (၄၄)ေယာက္မွာ ေနာက္ ဆက္တဲြ နာတာရွည္ေရာဂါရိွသူမ်ားျဖစ္၍ ေသဆံုးသူမ်ား၏ (၇၈.၆)ရာခိုင္ႏွဳန္း မွာ ေနာက္ဆက္တဲြ နာတာ ရွည္ေရာဂါရိွသူမ်ားျဖစ္ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
“မကွေးတိုင်းအနေနဲ့ ရာသီတုပ်ကွေး H1N1 သံသယရှိလူနာကို ၂၀၁၉ခုနှစ် ဇွန်လ(၁၀)ရက်နေ့မှာ စပြီး တွေ့ခဲ့ရတာပါ။ ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့အထိ H1N1 သံသယရှိလူနာ (၁၉)ဦးကို ဓာတ်ခွဲစစ်ဆေး ခဲ့တာမှာ H1N1 ပိုး တွေ့ရှိသူ (၉)ဦး ရှိခဲ့ပြီး (၁)ဦး သေဆုံးခဲ့ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်း အေဂျင်စီသို့ အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးတွင် အောင်လံမြို့နယ်မှ( ၆)ဦး၊ သရက်မြို့နယ်မှ(၂)ဦး၊ နတ်မောက်မြို့နယ်မှ (၁)ဦး ရာသီတုပ်ကွေး H1N1 ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ရာ လူနာများမှာ (၂)နှစ်၊ (၅)နှစ်၊ (၆)နှစ်၊ (၉)နှစ်၊ (၂၅)နှစ်၊ (၃၂)နှစ် နှင့် (၅၀)နှစ် အရွယ်များဖြစ်ကြပြီး အောင်လံမြို့နယ်မှ အသက်(၉)နှစ်အရွယ်ရှိ ကလေး(၁)ဦးမှာ ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့က အောင်လံဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရောဂါဖြစ်ပွားသူက နှာခေါင်းနဲ့ပါးစပ်တွေကို အုပ်ကာခြင်းမရှိဘဲ နှာချေ ချောင်းဆိုးခဲ့ရင် ရောဂါပိုးပါတဲ့ အမှုန်အမွှားတွေဟာ (၆)ပေလောက်အထိ ပြန့်သွားနိုင်ပါတယ်။ အဲဒီအမှုန်အမွှားတွေကို တိုက်ရိုက်ရှူရှိုက်မိ ရင်သော် လည်းကောင်း၊ ရောဂါပိုးကပ်ငြိနေတဲ့ အရာဝတ္ထုပစ္စည်းတွေက တစ်ဆင့်ထိမိ ကိုင်မိရင်သော်လည်း ကောင်း ရောဂါကူးစက်နိုင်တာကြောင့် နှာခေါင်းနဲ့ ပါးစပ်တွေကို ပိတ်ပြီးမှ နှာချေချောင်းဆိုးသင့်ပါတယ်။ ရောဂါကူးစက် မခံရအောင်ကတော့ အဓိက လက်ကို မကြာခဏ ဆပ်ပြာနဲ့ ဆေးကြောရပါမယ်။ လူထူထပ်ရာ နေရာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်”ဟု ဒေါက်တာခင်မောင်သန်းက ပြောသည်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနဖြေင့် သက်ဆိုင်ရာမြို့နယ်စုအလိုက် စောင့်ကြပ်ကြည့်ရှုလုပ် ငန်းများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများနှင့် ချက်ချင်းတုန့်ပြန်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျှက်ရှိပြီး လိုအပ်ပါက ချက်ချင်းသွေးဖောက်စစ်နိုင်သည့် ပစ္စည်း ကိရိယာများကိုလည်း မြို့နယ်များအလိုက် ဖြန့်ဝေထားကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်ထားသည့် စာရင်းဇယားများအရ ၂၀၁၉ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ရာသီတုတ်ကွေးရောဂါ H1N1 ဖြစ်ပွား သူစုစုပေါင်း (၂၈၁) ယောက်ရှိသည့် အနက် (၅၆)ယောက် သေဆုံးပြီး ယင်းသေဆုံးသူများအနက် (၄၄)ယောက်မှာ နောက် ဆက်တွဲ နာတာရှည်ရောဂါရှိသူများဖြစ်၍ သေဆုံးသူများ၏ (၇၈.၆)ရာခိုင်နှုန်း မှာ နောက်ဆက်တွဲ နာတာ ရှည်ရောဂါရှိသူများဖြစ်ကြောင်း သိရသည်။
သတင်း - #ဖီးနစ်