တာချီလိတ်အတွင်း ရေကြီးရေလျှံမှု ကြိုတင်သတိပေးချက်

တာချီလိတ်အတွင်း ရေကြီးရေလျှံမှု ကြိုတင်သတိပေးချက်
ဇူလိုင် 26, 2015 | ရှမ်းရှေ့
 
 

တာချီလိတ်မြို့တွင် ယခုရက်ပိုင်း အတွင်း မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေသည့်အတွက် တောင်ကျရေမှသော် လည်းကောင်း၊ မယ်ဆိုင်ချောင်းမှသော် လည်းကောင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားတတ်လေ့ရှိရာ အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ် အန္တရာယ် ကင်းရှင်း စေရန်အတွက် နေအိမ်အတွင်း လျှပ်စစ်မီး မိန်းခလုတ်များကို ချထားရန် လိုအပ်ပြီး၊ ရေနှင့်အတူ ပါရှိလာမည့် မြွေပါးကင်းပါးများကိုလည်း အထူးသတိပြုရန် လိုအပ်ပါကြောင်း နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ် ကယ်ဆယ်နိုင်ရန်အတွက် အောက်ပါ ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ
မြန်မာဖုန်း။  ။ 095019657 ၊ 0936153040
ထိုင်းဖုန်း။  ။ 0850181889

 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~