ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၏ ၂၀၁၉ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် မီးပုံးပျံလွှတ်တင်ချိန်အတွင်း မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာရမှု မရှိစေရေးအတွက် မီးပုံးပျံလွှတ်တင်သည့်နေရာကို သီးသန့်ကာရံထားပြီး ကွင်းအတွင်း မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များ အသင့်စောင့်ဆိုင်းပေးနေသည်ကို တွေ့ရသည်။
ရှမ်းပြည်နယ်၏ အထင်ကရ ရိုးရာပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရန် မီးပုံးပျံများတွင် ယမ်းအသုံးပြုမှုကို ပညာရှင်များပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးသည့် အပြင် မီးပုံးပျံလွှတ်တင်ရာနေရာတွင်လည်း မီးပုံးပျံလွှတ်တင်မည့်အဖွဲ့မှ လွဲ၍ ဝင်ခွင့်မပြုဘဲ ကန့်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားထားသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့တွင် နိုဝင်ဘာလ (၁၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး စိန်နားပန် စုစုပေါင်း (၁၁၅)လုံးတို့ ယှဉ်ပြိုင်လွှတ်တင်ကြမည်ဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း
ဆက်စပ်သတင်းများ -