ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် တာဝန်ထမ်းဆောင်ပြီး ၁၉၅၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အငြိမ်းစားယူသွားကြကာ တာချီလိတ်တွင်နေထိုင်ကြသည့် ဆရာ၊ဆရာမများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ရှမ်းရိုးမကွင်းအတွင်း ပူဇော်ကန်တော့ကြမည်ဖြစ်၍ ကန်တော့ခံဆရာ၊ဆရာမစာရင်း ကျန်ရှိနေပါက ဒီဇင်ဘာလ (၂၇)ရက်နေ့အထိ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
“အခု စာရင်းဖေါ်ပြထားတဲ့ ဆရာ၊ဆရာမတွေထဲမှာ ကိုယ့်ဆရာ၊ဆရာမတွေ စာရင်းမပါသေးဘူးဆိုရင် ဆက်သွယ်စာရင်းပေးကြပါ။ နောက်ပြီး ဆရာ၊ဆရာမတွေကို ထပ်ကန်တော့ချင်တယ်ဆိုရင်လည်း အာစရိယပူဇော်ပွဲမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထည့်သွင်းကန်တော့လို့ရပါတယ်။ အဲဒီနေ့မှာ စားဝိုင်းအတွက် ငွေကြေး ကောက်ခံခြင်း မရှိဘဲ စီစဉ်ပေးမှာ ဖြစ်တဲ့အတွက် အကယ်၍ စားဝိုင်းယူချင်တယ်ဆိုရင် ဘယ်နှစ်ယောက် လာမယ်ဆိုတာလည်း ကြိုပြီး စာရင်းပေးထားဖို့လိုပါတယ်။ ဒါမှ ဒီဘက်ကနေ လာမယ့်လူဦးရေနဲ့ အစားအသောက် စီစဉ်ပေးထားရအောင်လို့ပါ”ဟု အ.ထ.က(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အာစရိယပူဇော်ပွဲကို ရှမ်းရိုးမကွင်းအတွင်း ဇန်နဝါရီလ (၁)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်၌ ကျင်းပသွားမည် ဖြစ်သည်။
အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ နှင့် အာစရိယပူဇော်ပွဲ နှင့် ပတ်သက်၍ အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
- ၀. အ.ထ.က(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်း - ဖုန်း ၀၉၅၂၄၁၂၄
- ၁. Jonny Fitness Center၊ ရှမ်းရိုးမကွင်းအနောက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။ ( ဖုန်း - 095240445 )
- ၂. Jonny လျပ်စစ်ပစ္စည်းအရောင်းဆိုင်၊ အကောက်ခွန်ရုံးထောင့်အရှေ့၊ ဝမ်ကောင်းဈေးအထွက်၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
- ၃. ကြယ်တံခွန်ကုန်စုံဆိုင်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
- အထွန်းကုန်စုံဆိုင် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး၊ ပါလျှံလမ်းဆုံ မီးပွိုင့်အနီး၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့။
- ၄. ကိုမျိုးမင်းလှိုင် - ဖုန်း 09428233595
- ၅. ကိုထွန်းပေါ်သိန်း - 09456513924
Tachileik News Agency