ဝူဟန်ရောက် မြန်မာနိုင်ငံသား (၆၃)ဦးကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်ဆောင်နိုင်ရေး တရုတ်အစိုးရ၏ ခွင့်ပြုချက် စောင့်ဆိုင်းနေ

ဝူဟန်ရောက် မြန်မာနိုင်ငံသား (၆၃)ဦးကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်ဆောင်နိုင်ရေး တရုတ်အစိုးရ၏ ခွင့်ပြုချက် စောင့်ဆိုင်းနေ
ဇန်နဝါရီ 30, 2020
By Tachileik News Agency

ဝူဟန်ရောက်  မြန်မာနိုင်ငံသား (၆၃)ဦးကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်ဆောင်နိုင်ရေး တရုတ်အစိုးရ၏ ခွင့်ပြုချက် စောင့်ဆိုင်းနေ

တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် ရောက်ရှိကာ ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသား ကျောင်းသား ကျောင်းသူ (၆၃)ဦီးကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်နိုင်ရေးအတွက် တရုတ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့ ရက်စွဲဖြင့် ပေကျင်း မြန်မာသံရုံးက အသိပေးထားရှိသည်။

ဝူဟန်မြို့ရှိ မြန်မာနိုင်ငံသား ကျောင်းသား ကျောင်းသူ (၆၃)ဦီးကို အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက်  မြန်မာသံရုံးက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်အကြောင်းကြားထားရှိပြီး ခွင့်ပြုချက်ရရှိသည်နှင့် အမြန်ခေါ်ဆောင်သွားမည် ဖြစ်ကောင်း သိရသည်။

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၁၁)နာရီအထိ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၁၇)နိုင်ငံတို့တွင် ကူးစက်ခံရသူ စုစုပေါင်း (၇,၈၁၆)ဦးရှိပြီး သေဆုံးသူ (၁၇၀)ဦးရှိလာရာ ကူးစက်ခံရမှု နှင့် သေဆုံးသူ အရေအတွက် မြှင့်တက်လာကြောင်းကို CNA က ဖော်ပြထားရှိသည်။

လက်ရှိ ကူးစက်ခံနေရသည့် (၇,၈၁၆)ဦးတွင် တရုတ်နိုင်ငံမှ (၇၆၀၀)ကျော် ပါဝင်ပြီး သေဆုံးသည့် (၁၇၀)ဦးမှာလည်း တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: SLEEPINGPANDA

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~