ကော်ရိုနာဗိုင်းရပ်စ်များ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် မယ်ဆိုင်မှ တာချီလိတ်သို့ ဝင်ရောက်လာသူများကို တံတား(၁)တွင် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်

ကော်ရိုနာဗိုင်းရပ်စ်များ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် မယ်ဆိုင်မှ တာချီလိတ်သို့ ဝင်ရောက်လာသူများကို တံတား(၁)တွင် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency

ကော်ရိုနာဗိုင်းရပ်စ်များ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် မယ်ဆိုင်မှ တာချီလိတ်သို့ ဝင်ရောက်လာသူများကို တံတား(၁)တွင် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်

ဝူဟန်အဆုတ်ရောင်ရောဂါဟု လူသိများသည့် ကော်ရိုနာဗိုင်းရပ်စ်များ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၁)တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လမ်းလျှောက် နှင့် ကား/ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူ အားလုံးကို ပူးပေါင်းအဖွဲ့ဖြင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုများကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့အထိ ဆောင်ရွက်နေလျက်ရှိသည်။

ချစ်ကြည်ရေးတံတား(၁)တွင် စစ်ဆေးမှုများ ဆောင်ရွက်ရင်း ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများအား ကျန်းမာရေးနှင့် ပတ်သက်ရင် အရေးပေါ်ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်ပါသည့် စာရွက်များလည်း ပေးဝေနေကြပြီး တံတားပေါ်တွင်လည်း အရေးပေါ်ကား နှင့် CNCMC ၏ ရုံးခန်းတွင်လည်း လူနာကုတင် ထားရှိပေးထားသည်။

ကော်ရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေမှာ ဇန်နဝါရီလ(၂၆)ရက်နေ့အထိ နိုင်ငံပေါင်း (၁၄)နိုင်ငံသို့ ကူးဆက်ခံရသူ (၂,၀၀၀)ကျော်သာ ရှိခဲ့ရာမှ ဖေဖော်ဝါရီလ(၇)ရက်နေ့ ည(၉)နာရီအချိန်အထိ နိုင်ငံပေါင်း (၂၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး (၃၁,၅၂၆)ဦးမှာ ကူးစက်ခံနေရသူဖြစ်ပြီး သေဆုံးသူမှာလည်း (၆၃၈)ဦးအထိ ရှိလာနေသည် ဖြစ်သည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ဖေဖော်ဝါရီလ(၇)ရက်နေ့အထိ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~