လွိုင်ကော်မြို့တွင် တရုတ်နိုင်ငံက ပြန်လာသူ၏ နေအိမ်သို့ ကျန်းမာရေးက သွားရောက်ကာ (၁၄)ရက် စောင့်ကြည့်မည်ဖြစ်ကြောင်း အသိပေးထား

လွိုင်ကော်မြို့တွင် တရုတ်နိုင်ငံက ပြန်လာသူ၏ နေအိမ်သို့ ကျန်းမာရေးက သွားရောက်ကာ (၁၄)ရက် စောင့်ကြည့်မည်ဖြစ်ကြောင်း အသိပေးထား
မတ် 7, 2020
By Tachileik News Agency
လွိုင်ကော်မြို့တွင် တရုတ်နိုင်ငံက ပြန်လာသူ၏ နေအိမ်သို့ ကျန်းမာရေးက သွားရောက်ကာ (၁၄)ရက် စောင့်ကြည့်မည်ဖြစ်ကြောင်း အသိပေးထား

တရုတ်နိုင်ငံ ကွမ်တုန်မြို့က ပြန်လာပြီး ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါနိုးကူးရပ်ကွက်တွင် ငှားရမ်း နေထိုင်သည့် တရုတ်နိုင်ငံသားနှင့် အမျိုးသမီး တစ်ဦးအား ကျန်းမာရေးက သွားရောက်ကာ ကျန်းမာရေး အသိပညာပေးပြီး ကျန်းမာရေး(၁၄)ရက် စောင့်ကြည့်မည်ဖြစ်ကြောင်း အသိပေးထားကြောင်း သိရသည်။၊

တရုတ်နိုင်ငံ ကွမ်တုန်မြို့မှ တဆင့် ရန်ကုန်လေဆိပ်သို့ ၂၀၂၀ခုနှစ် မတ်လ(၆)ရက်နေ့က ရောက်ရှိလာပြီး ရန်ကုန် လေဆိပ်မှ လွိုင်ကော်လေဆိပ်သို့ မတ်လ(၇)ရက်နေ့ နံနက်က ရောက်ရှိလာသည်ကို ကယားပြည်နယ်လ၀က နှင့် ချိတ်ဆက်သတင်းအရ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သွားရောက်ကာ အသိပညာပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ပြန်လာသည့် တရုတ်နိုင်ငံသား အမျိုးသား တစ်ဉီး နှင့် အမျိုးသမီးတစ်ဉီးတို့ ငှားရမ်းနေထိုင်ရာ နေအိမ်သို့ ကျန်းမာရေးက သွားရောက်ကာ ကျန်းမာရေးစမ်းသပ် စစ်ဆေးပေးမှုများ ပြုလုပ်ရာ ၎င်းတို့သည် နေကောင်း ကျန်းမာနေသော်လည်း လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် (၁၄)ရက်အတွင်း နေအိမ်စောင့်ကြည့်ရှုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း နှင့် အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသော ကျန်းမာရေးဆိုင်ရာ လိုက်နာရန် အချက်အလက်များကို အသေစိတ်မှာကြားခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - လွိုင်ကော် ပြည်သူ့ကျန်းမာရေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~