ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံ၍ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံ၍ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
မတ် 9, 2020
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံ၍  ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာတွင် တပ်မတော် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် မူးယစ်ဆေး၊ မူးယစ်ဆေးထုတ်လုပ်သည့် ပစ္စည်းများနှင့် လက်နက် ခဲယမ်းများကို ဆက်တိုက်ဖမ်းမိနေရာ ၂၀၂၀ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် နေရာ (၂)နေရာ၌ ထပ်မံဖမ်းမိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့သည် မတ်လ (၉)ရက်နေ့ နံနက် (၈) နာရီ (၁၅) မိနစ်ဝန်းကျင်က ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာမှ ဦးချမ်းဘောမ် ပိုင်ဆိုင်သည့် သွပ်မိုးအုတ်ကာ ဂိုထောင်ကို ရှာဖွေရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၅၄,၀၀၀,၀၀၀) ပြား၊ ၈၈/၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁,၂၆၆,၀၀၀ ) ပြားနှင့် အက်ဖီဒရင်း အမှုန့် (၅) ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းနောက် နေ့လယ် (၁) နာရီခန့်တွင် ဦးလျှိုပါ့ ပိုင်ဆိုင်သည့်  တစ်ထပ်တိုက်အား ဝင်ရောက် ရှာဖွေရာ WY ၊ 88/1 ၊ R တံဆိပ်များပါဝင်သည့် စိတ်ကြွဆေးပြား (၁,၈၄၄,၀၀၀) ပြား၊ ဘိန်းဖြူ (၂,၄၂၀) ဂရမ်၊ ဘိန်းဖြူ ဘလောက်တုံး (၃၀၀) ဂရမ်၊ ICE (၈) ကီလိုဂရမ်၊ အရိုးမီးသွေးအိတ် (၁၄) အိတ်၊ ဆိုဒီယမ်ကာဗွန်နိတ် (၃၁) အိတ်၊  ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် (၂) အိတ်ခွဲ၊ ပိုတက်ဆီယမ်ကလိုရိုဒ်အမှုန့် (၂၀၀) ဗူး၊ ဆာရဖြူရစ် အက်ဆစ်ပုံး (၂၅) ပုံး၊ အက်ဆစ်အရည် ကော်ပေပါ (၁၁) လုံး၊ အက်ဆစ်ဘူး အသေး (၄၄၀) ဘူး၊ ရောင်စုံဆပ်ပြာခွက် (၆၀၀၀) ခန့်၊ ဆေးပြားလှန်း သံဇလား ဆိုဒ်စုံ (၅) ခု၊ ဆေးပြားရေတွက်စက် (၅) ခု၊ ဖန်ပြွန်မျိုးစုံပါ ပေပါ (၄၁) လုံး၊ ဖန်ပြွန်မျိုးစုံပါ  ဂျပ်ဖာအကြီး (၁၇) ဖာ၊ ဂက်စ်အိုးအကြီး (၆) လုံး၊ ဂက်စ်မီးဖို (၁၆၀) ခု၊ ဂက်စ်ပိုက်လိုင်းခေါင်း (၁၅၀) ခု၊ ၁၀ ပေခန့်ရှိ ဂက်စ်ပိုက်လိုင်း ကြေးခွေ (၂၀) ခွေ၊ စတီးပေါင်းအိုးအကြီး (၂) လုံး၊ အက်ဆစ်အရည် သံပေပါ (၆၉) လုံး၊ ဖန်ပြွန်မျိုးစုံပါ ဂျပ်ဖာအသေး (၂၄) ဖာ တို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်များ၏ ပိုင်ရှင်များမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက  ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈ )ရက်နေ့မှ မတ်လ (၉)ရက်နေ့အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ (၁၁၀,၇၅၁,၀၀၀) ပြား၊ ဘိန်းဖြူ (၁၉၂,၇၀၀) ဂရမ်၊ ဘိန်းညို (၂၇၁,၀၀၀) ဂရမ်၊ ဘိန်းဖြူခဲ (၁) ဒသမ (၆) ကီလိုဂရမ်၊ ဘိန်းဆီခဲ (၁၆) ကီလို၊ ဆေးပြားအကြေမှုန့် (၂,၆၅၀) ဂရမ်၊ ဘိန်းစိမ်း (၁၀) ကီလိုဂရမ်နှင့် ICE (၃၇၃) ဒသမ (၅) ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း (၁၂၉) မျိုးတို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

 Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~