တာချီလိတ်မြို့တွင်း တောမီးခိုးမြူများ စတင်ဝင်ရောက်

မတ် 10, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း တောမီးခိုးမြူများ စတင်ဝင်ရောက်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မတ်လ(၉)ရက်နေ့ ညပိုင်းက စ၍ မတ်လ(၁၀)ရက်နေ့ နံနက်(၉)နာရီအချိန် အထိ မီးခိုးမြူများ ဖုံးလွှမ်းလာနေသည်ကို တွေ့ရသည်။

"ညက မီးခိုးတွေ သိသာလာတယ်။ မျက်စိနည်းနည်းစပ်တယ်။ အသက်ရှုရတာတစ်မျိုးတောင်ဖြစ်တယ်"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ(၉)ရက်နေ့ ညပိုင်းက စ၍ တာချီလိတ်တွင် မီးခိုးမြူများ ဝင်ရောက်လာမှုသည် မတ်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအထိ ဖုံးလွှမ်းနေဆဲဖြစ်ပြီး တာချီလိတ်နှင့်အလွန်နီးစပ်သည့် မယ်ဆိုင်မြို့တွင် မီးခိုးမြူများဖုံးလွှမ်းနေလျက်ရှိရာ မယ်ဆိုင်မြို့၏ လေထုအရည်အသွေး နီညိုရောင်အဆင့် ရောက်ရှိနေပြီဖြစ်သည်။

နွေရာသီကာလ နယ်စပ်တောမီးများကြောင့် တာချီလိတ် နှင့် မယ်ဆိုင်မြို့တွင် တောမီးခိုးမြူများ ဖုံးလွှမ်းမှုသည် နှစ်စဉ်ဖြစ်ပေါ်တတ်လေ့ရှိသည်။

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~