မြန်မာနိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၂)ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် စတင်တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ လူနာ(၂)ဦးမှာ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်ကုသမှုခံယူနေသည့် အမေရိကန်ပြည်ထောင်စုမှ ပြန်လာသော အသက် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝေဘာဂီအထူးကုဆေးရုံတွင် ကုသမှုခံယူနေသည့် အင်္ဂလန်နိုင်ငံမှ ပြန်လာသော အသက် (၂၆)နှစ်အရွယ် အမျိုးသားလူနာတို့ဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုမှ ပြန်လာသည့် အမျိုးသားမှာ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် မတ်လ (၂၁)ရက်နေ့ကတည်းက စတင်ကုသမှုခံယူနေပြီး အင်္ဂလန်နိုင်ငံမှ ပြန်လာသည့် အမျိုးသားမှာ ဝေဘာဂီအထူးကုဆေးရုံ၌ မတ်လ (၂၃)ရက်နေ့ကစ၍ ကုသမှုခံယူနေသူဖြစ်ကြောင်း သိရသည်။
Tachileik News Agency