သင်သိပါသလား....
စားသောက်ဆိုင်တွေကို ဖွင့်ခွင့်ပေးထားပေမဲ့ KTV တွေကိုတော့ ဖွင့်ခွင့် မပေးသေးဘူး ဆိုတာ
COVID 19 ဗိုင်းရပ်စ်ဟာ လေကနေတစ်ဆင့် ကူးစက်နိုင်တာကြောင့် အလုံပိတ်အခန်းများမှာ လူအများအပြားကို ကူးစက်စေနိုင်တဲ့အတွက် အလုံပိတ်အခန်းအမျိုးအစား လုပ်ငန်းတွေကို ဖွင့်ခွင့် မပေးသေးတာဖြစ်ပါတယ်။
ဒါ့အပြင် စားသောက်ဆိုင်များကိုလည်း လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှု အနည်းဆုံးဖြစ်အောင် social distancing နဲ့အညီ ဖွင့်ခွင့်ပေးတာဖြစ်လို့ လူစုလူဝေးနဲ့ စားသောက်ကြရတဲ့ ဘားတွေကို ဖွင့်ခွင့်မပေးသေးတာဖြစ်ပါတယ်။
ကိုးကား - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန