တာချီလိတ်၊ ကျိုင်းတုံ နှင့် မိုင်းယောင်းတို့မှ ကိုရိုနာစောင့်ကြည့် လူနာများ၏ ဓါတ်ခွဲနမူနာများကို မတ်လ(၁၉)ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်မည်

တာချီလိတ်၊ ကျိုင်းတုံ နှင့် မိုင်းယောင်းတို့မှ ကိုရိုနာစောင့်ကြည့် လူနာများ၏ ဓါတ်ခွဲနမူနာများကို မတ်လ(၁၉)ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်မည်
မတ် 18, 2020
By Tachileik News Agency
တာချီလိတ်၊ ကျိုင်းတုံ နှင့် မိုင်းယောင်းတို့မှ ကိုရိုနာစောင့်ကြည့်လူနာများ၏ ဓါတ်ခွဲနမူနာများကို မတ်လ(၁၉)ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းယောင်းနှင့် တာချီလိတ်မှ ကိုရိုနာစောင့်ကြည့်လူနာများ၏ ဓါတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ရန်ကုန်ရှိ အမျိုးသားဓါတ်ခွဲခန်းသို့ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် မတ်လ (၁၇) ရက်နေ့က စောင့်ကြည့်လူနာအဖြစ်ထားရှိသည့် မိုင်းဖြတ်မြို့မှ အမျိုးသားလူနာတစ်ဦးနှင့် မိုင်းယောင်းပြည်သူ့ဆေးရုံတွင် ဆစ်ဆောင်ပနားဘက်မှ အလုပ်လုပ်ပြီး ပြန်လာသည့် အမျိုးသားလူနာတစ်ဦးတို့၏ ဓါတ်ခွဲနမူနာများကို မတ်လ (၁၈)ရက်နေ့တွင် ရန်ကုန်ပို့ဆောင်ရန် အချိန်မမီဖြစ်ခဲ့ရကြောင်း သိရသည်။

 “ မနက်ဖြန် ပို့မယ်ဗျ။ ဒီနေ့က အဆင်မပြေတာလေးတွေ ဖြစ်သွားတယ်။ ရုံးချုပ်က approval letter ရမှ လေယာဉ်က တင်တာကိုး။ နောက်မိုင်းယောင်းက case က ညနေမှ ပေါ်လာတာ။ ကျိုင်းတုံကတော့ ကျိုင်းတုံဆေးရုံက ဟာပေါ့နော်။ မိုင်းယောင်းကလည်း မနက် (၉) နာရီအမီ ရောက်အောင်လာတယ်။ သူတို့ပို့လာတာနဲ့ လေဆိပ်ကို ချက်ချင်းဆင်းကြတာပေါ့။ ဆင်းကြတော့ လေကြောင်းက approval letter က နောက်ကျတော့ ပါမသွားဘူး။ လေယာဉ်ထွက်သွားပြီးတော့ approval letter ကလည်း ထွက်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သေချာ store လုပ်ထားပြီးတော့ မနက်ကိုတော့ သေချာပေါက် ပို့မှာပေါ့နော်” ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စောင့်ကြည့်နေသည့်လူနာအမျိုးသားမှာ မတ်လ (၁၇)ရက်နေ့ ည (၉) နာရီခွဲဝန်းကျင်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာမှာ မိုင်းဖြတ်မြို့၊ ကချင်ရွာသစ်မှ လမ်းလုပ်သား (၁)ဦးဖြစ်ပြီး (၁၄) ရက်အတွင်း မိုင်းဖြတ်မြို့မှ အခြားဒေသများသို့ သွားရောက်ခဲ့ဖူးခြင်းမရှိကြောင်း သိရသည်။

မိုင်းယောင်းပြည်သူ့ဆေးရုံတွင် မတ်လ (၁၇) ရက်နေ့က စောင့်ကြည့်လူနာနှင့် တာချီလိတ်မြို့တွင် မတ်လ (၁၈)ရက်နေ့တွင် တွေ့ရသည့် စောင့်ကြည့်လူနာတို့ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~