တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၅)ဦး ထပ်တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ (၅) ဦးထပ်တိုးပြီး ထိတွေ့သံသယလူနာများကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။
ထပ်တိုးလာသည့် အတည်ပြုလူနာများ၏ နေရပ်လိပ်စာ နှင့် ထိတွေ့သူများအား ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အတည်ပြုလူနာများထံမှ မေးမြန်းနေဆဲဖြစ်သည်။
အတည်ပြုလူနာ (၅)ဦးထပ်တိုးလာသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ကုသပေးရမည့်လူနာ စုစုပေါင်း (၂၇)ဦးရှိလာပြီဖြစ်သည်။