“ဌာနအနေနဲ့ ကြိုတင်ကာကွယ်တာ ၊ စစ်ဆေးတာတွေကို ဆက်တိုက်လုပ်နေရပါတယ်။ ဝတ်မှုံကူး၊ ဝတ်ရည်စုပ်တဲ့အချိန်မှာ ရောဂါရှိတဲ့ပျားနဲ့ မရှိတဲ့ပျားတွေ့ပြီး ကူးစက်မှုနှုန်းက မြန်နိုင်တယ်။ ဒီပိုးက အကောင်ကြီးသလောက် အသက်ပြင်းပြီး ခုန်နိုင်တယ်။ (၆၅) ရာခိုင်နှုန်းပြင်းအားရှိတဲ့ ဖောမစ်အက်ဆစ်ကို ဖော့တုံးနဲ့ ဆွတ်၊ ပျားအုံထဲထည့်ပြီး အငွေ့ပျံစေပါတယ်။ ကပ်ပါးမွှားတွေ ပြုတ်ကျပြီး ဆက်မသွားနိုင်အောင် ပျားပုံးအောက်မှာ စားအုန်းဆီသုတ်ထားတဲ့ ဖလင်ပြားခံရပါတယ်”
“ဒီပိုးက ပျားရည်ထုတ်လုပ်မှုကို လျော့ကျစေပြီး ပျားရဲ့အင်အားလည်း ပျက်ဆီးလောက်တဲ့အဆင့်ထိ ကျသွားစေတယ်။ ဒီပိုးဝင်လာရင် ပျားသားလောင်းပုပ်တဲ့ ရောဂါတွေလည်း ဝင်လာနိုင်တယ်။ ဒီရောဂါ ကျလာရင် ဆိုးကျိုးတွေက အများကြီးရှိလို့ ကျွန်တေယ်တို့ ပျားမွေးမြူရေးလုပ်ငန်းအတွက် စိုးရိမ်စရာပါ”