စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို မိုးကုတ်ဗျူဟာထုတ်ပြန်

စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို မိုးကုတ်ဗျူဟာထုတ်ပြန်

မန္တလေးတိုင်း စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းက ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

စဉ့်ကူးမြို့နယ်အတွင်း ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ဖမ်းဆီးရမိ စစ်သုံ့ပန်းများနှင့် လက်နက်ချ အညံ့ခံသော ရေတော်၊ ထုံးကြီးရွာတဝိုက် ပျူစောထီးအဖွဲ့ဝင်များထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကို ထုတ်ပြန်လာခြင်းဖြစ်သည်။ 

သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ MA1 (၁၁)လက်၊ M22 (၁)လက်၊ ပါရီ (၁)လက်၊ ကာဘိုင်သေနတ် (၂၈)လက်၊ လက်လုပ်သေနတ် (၃၂)လက်နှင့် ခဲယမ်းမီးကျောက်များ၊ ကျည်များနှင့် စစ်ဝတ်တန်ဆာများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့တွင် ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး (၄)ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး(၄)ဦး၊ ဒုတပ်ကြပ်ကြီး(၄)ဦး၊ တပ်ကြပ်(၂)ဦးနှင့် တပ်သား(၉)ဦးတို့အပြင် စခန်းမှူး (၂)ဦး(လက်ပံလှ၊ စဉ့်ကူး)၊ စဉ့်ကူးမြို့ နယ် ရေတော်ပျူစောထီးခေါင်းဆောင် ငနိုင်၊ ဒိုးပင်ကုန်းနှင့် ဇီးပင်ကုန်း ပျူစောထီးခေါင်းဆောင် ထွန်းလင်း စသည့် စဉ့်ကူးမြို့နယ်တွင် ပြည်သူများအပေါ် အဓမ္မ ဖမ်းဆီး၊ အနိုင်ကျင့်၊ လုယက်၊ သတ်ဖြတ်၊ ငွေညှစ်ခဲ့ကြသော ပျူစောထီးခေါင်းဆောင်များ အပါအဝင် ပျူစောထီး လက်နက်ကိုင်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းမှ အဆိုပါဖမ်းဆီးရမိသူများကို MDY PDF ထံ လွှဲပြောင်းအပ်နှံခဲ့ပြီး တစ်နိုင်ငံလုံးရှိ စစ်ကောင်စီတပ်များမှ စစ်သည်များကို လက်နက်ချ အလင်းဝင်ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: အမှတ် -၁၂၂၂ တပ်ရင်း