ကျောက်မဲမြို့နယ်အတွင်း မဲပေးခွင့်ရှိသည့် မသန်စွမ်းဦးရေ (၂၈၁)ဦးရှိ၍ မဲရုံများတွင် ကိုယ်တိုင်မဲပေးနိုင်ရန် စီစဉ်ပေးမည်

ကျောက်မဲမြို့နယ်အတွင်း မဲပေးခွင့်ရှိသည့် မသန်စွမ်းဦးရေ (၂၈၁)ဦးရှိ၍ မဲရုံများတွင် ကိုယ်တိုင်မဲပေးနိုင်ရန် စီစဉ်ပေးမည်
သြဂုတ် 16, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း မဲပေးခွင့်ရှိသည့် မသန်စွမ်းဦးရေ (၂၈၁)ဦးရှိ၍ မဲရုံများတွင် ကိုယ်တိုင်မဲပေးနိုင်ရန် စီစဉ်ပေးမည်
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်အတွင်း ပထမအကြိမ် ထုတ်ပြန်ကြေညာသည့် မဲဆန္ဒရှင်စာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသည့် မသန်စွမ်းဦးရေ  (၂၈၁) ဦးရှိသဖြင့် မသန်စွမ်းများ ကိုယ်တိုင်မဲလာပေးနိုင်ရေးအတွက် မဲရုံများစီစဉ်ရာ၌ ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
“မသန်စွမ်းသူတွေ ကောင်းမွန်အဆင်ပြေစွ ာမဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ထားတာတွေရှိပါတယ်။ ကိုယ်တိုင် ကိုယ်ကျ လာရောက်ပြီး ဆန္ဒမဲပေးလိုသူတွေ ဥပမာ-ဝှီးချဲ အသုံးပြုသူတွေအတွက် ကူညီဆောင်ရွက်ပေးဖို့ ၂၀၁၅ တုန်းကလိုပဲ ရပ်၊ ကျေး ကော်မရှင်အဖွဲ့တွေကို အကူညီတောင်းပြီးတော့ လူငယ် လူလတ်ပိုင်းတွေနဲ့ ကြက်ခြေနီ တို့လို အဖွဲ့တွေက အင်အားဖြည့် ဝိုင်းရံပေးဖို့ရှိပါတယ်။ အဲဒီအတွက်လည်း ဆွေးနွေးနေတာတွေရှိပါတယ်။ 
အထူးသဖြင့် တော့ မသန်စွမ်းမဲဆန္ဒရှင်တွေ ကိုယ်တိုင်ကိုယ်ကျ မဲလာပေးတဲ့အခါ မဲရုံနဲ့ မဲပေးတဲ့ နေရာတွေကို ဝင်ရ ထွက်ရ လွယ်ကူစေဖို့ အထိ မဲရုံတွေစီစဉ်တဲ့အခါ ထည့်သွင်းစီစဉ်ပေးဖို့ လုပ်ဆောင်နေပါတယ် ” ဟု ကျောက်မဲမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  ဥက္ကဌ ဦးစိုးထွန်း က တာချီလိတ် သတင်းအေဂျင်စီ သို့ ပြောသည်။
ရွေးကောက်ပွဲ ဥပဒေ အရ မသန်စွမ်းသူတိုင်း တန်းတူ မဲပေးပိုင်ခွင့်ရှိသကဲ့သို့ လွှတ်တော် တစ်ရပ်ရပ် အတွက် အမတ် အဖြစ် ကိုယ်တိုင်ဝင်ရောက် အရွေးခံပိုင်ခွင့်လည်းရှိသည်။
ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအား လွှမ်းမိုး ခံရ ခြင်း မရှိစေဘဲ ၎င်းတို့ကိုယ်ပိုင်ဆန္ဒအရ ကြိုတင်မဲဖြစ်စေ၊ မဲရုံသို့ ကိုယ်တိုင်သွားရောက်၍ ဖြစ်စေ လျှို့ဝှက်ဆန္ဒမဲ ပေးနိုင်ရေးနှင့် မဲရုံအတွင်း အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့က ဆောင်ရွက်ပေးသွားမည်  ဟု သိရသည်။
“ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ကိုယ်တိုင် မဲသွားပေးနိုင်တယ်။ ဝှီးချဲနဲ့ဆိုတော့ အိမ်ကလူတွေက မဲရုံထိ လိုက်ပို့ပြီး မဲရုံရောက်တော့ လူငယ်လေးတွေက ဝှီးချဲလာတွန်းပေးတယ်။ မဲပေးရမယ့်နေရာနားအထိ လိုက်ပို့ပေးကြပါတယ်။ ဒီနှစ်တော့ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားမပေးနိုင်ရင် ကြိုတင်မဲအဖြစ် ပေးဖို့ရာစဉ်းစားထားတယ်” ဟု ကျောက်မဲမြို့ အမှတ် (၆) ရပ်ကွက်ရှိ မသန်စွမ်း မဲဆန္ဒရှင် တစ်ဦးက တာချီလိတ် သတင်းအေဂျင်စီ သို့ ပြောသည်။
ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာထားချက်အရ ကျောက်မဲမြို့နယ်အတွင်း ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင် စုစုပေါင်း (၁၂၇,၀၃၃) ဦးရှိပြီး မသန်စွမ်း မဲဆန္ဒရှင် စုစုပေါင်း (၂၈၁) ဦးရှိသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~