MNDAA ထိန်းချုပ်ဒေသများကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃၈ ဦးသေဆုံး ၁၂၄ ဦးဒဏ်ရာရ

MNDAA ထိန်းချုပ်ဒေသများကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃၈ ဦးသေဆုံး ၁၂၄ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ် (MNDAA)ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်(၅၀)ကျော်ပြုလုပ်ရာ အရပ်သား(၃၈)ဦးထက်မနည်းသေဆုံးပြီး (၁၂၄)ဦး ဒဏ်ရာရကြောင်း MNDAAက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် ထုတ်ပြန်သည်။  

စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်အကြား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့အထိ တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီတပ်သည် လားရှိုးမြို့အပါအဝင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အနည်းဆုံး(၅၀)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ဗုံးအလုံး(၂၀၀)ကျော် ကြဲချတိုက်ခိုက်ကြောင်း သိရသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂၅)ကြိမ်ကြောင့် အရပ်သား(၃၈)ဦး သေဆုံးပြီး (၁၂၄)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ရာ ယင်းအထဲတွင် အခြားစစ်သုံ့ပန်း(၅)ဦးလည်း သေဆုံးကြောင်း သိရသည်။

စစ်မြေပြင်တွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်သည် လောက်ကိုင်မြို့၊ သိန္နီခရိုင်နှင့် လားရှိုးမြို့တို့ကို တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စာသင်ကျောင်း၊ ဆေးရုံနှင့် အခြေခံအဆောက်အဦးများပျက်စီးကြောင်း သိရသည်။

အောက်တိုဘာလတွင် စစ်ကောင်စီတပ်သည် လားရှိုး၊ လောက်ကိုင်၊ သိန္နီနှင့် အခြားဒေသများတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ရာ ရပ်ကွက်(၁)ရှိ စေတီတော်နှင့် ရပ်ကွက်(၅)ရှိ ကွမ်ရင်မယ်တော်ကျောင်းအပါအဝင် ဘာသာရေး အဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网