တာချီလိတ်ခရိုင်အတွင်းထဲက မဲရုံပေါင်း (၁၇၀)ကျော်ကို လုံခြုံရေးအတွက် အပြီးသတ်စစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းက မဲရုံပေါင်း (၁၇၀)ကျော်မှာ မဲရုံလုံခြုံရေး ကိစ္စရပ်တွေ အပါအဝင် ခရိုင်အဆင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံမှုကော်မတီကနေ ကူညီဆောင်ရွက်ပေးရမယ့်ကိစ္စရပ်တွေ အတွက် စီမံဆောင်ရွက်နေပါတယ်။
ဝေးလံတဲ့အရပ်ဒေသတွေမှာရှိတဲ့ မဲရုံတွေဆီကို မဲလက်မှတ်တွေအချိန်မီရောက်ရှိဖို့နဲ့ မဲလက်မှတ်ပြန်လည်ပို့ဆောင်ရာမှာ လုံခြုံမှုရှိစေဖို့ အစီအစဉ်တွေကိုလည်း ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
တာချီလိတ်ခရိုင်အတွင်းမှာ မဲရုံအရေအတွက်အနေနဲ့ဆိုရင် တာချီလိတ်မြို့နယ်မှာ မဲရုံ (၇၀) ၊ မိုင်းဖြတ်မြို့နယ်မှာ မဲရုံ (၃၉) ရုံနဲ့ မိုင်းယောင်းမြို့နယ်မှာ မဲရုံ (၆၈) ရုံ စုစုပေါင်း မဲရုံပေါင်း (၁၇၇)ရုံ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
တာချီလိတ်ခရိုင်အတွင်းက မဲရုံတွေပြင်ဆင်ထားမှုနဲ့ လုံခြုံရေးစီစဉ်ထားမှုတွေကို ခရိုင်/မြို့နယ် အဆင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံမှုကော်မတီအနေနဲ့ လိုက်လံစစ်ဆေးနေတာမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့က အပြီးသတ် ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
Tachileik News Agency