ကျိုင်းတုံတွင် အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦးကို စိတ်ကြွဆေးပြား၊ ဘိန်းစိမ်းများနှင့်အတူ ဖမ်းမိ

ကျိုင်းတုံတွင် အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦးကို စိတ်ကြွဆေးပြား၊ ဘိန်းစိမ်းများနှင့်အတူ ဖမ်းမိ
နိုဝင်ဘာ 13, 2020
By Tachileik News Agency

 

ကျိုင်းတုံတွင် အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦးကို စိတ်ကြွဆေးပြား၊ ဘိန်းစိမ်းများနှင့်အတူ ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ကုလားကျေးရွာတွင် အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦးအား နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းစိမ်း အပါအဝင် မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ကုလားကျေးရွာရှိ ဒေါ်ဘူးသိ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၇၂၀၀) ပြား၊ ဘိန်းစိမ်းအလေးချိန် (၄၀၀) ဂရမ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အသက် (၆၀)အရွယ် အမျိုးသမီးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~