ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးပြုလုပ်ရန် မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် (၅၀)ဦး ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီရန် မလေးရှားနိုင်ငံမှ SMART Team MAS-01 အဖွဲ့သည် စက်ယန္တရားများအပါအဝင် ယာဉ်များနှင့်အတူ ရောက်ရှိလာပြီး မြန်မာနိုင်ငံတွင် ဧပြီလ (၁၂)ရက်နေ့အထိ ရှိနေမည်ဟုသိရသည်။
မတ်လ(၂၈)ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် လူပေါင်း (၁၇၀၀)သေ ဆုံးပြီး ဒဏ်ရာရသူ(၃၄၀၀)ဦးရှိကာ ပျောက်ဆုံးသူ(၃၀၀)နီးပါးရှိလာပြီဟု စစ်ကောင်စီ၏ ယနေ့ မတ်လ(၃၀)ရက်နေ့ နေ့လယ်ပိုင်း ဖော်ပြချက်အရ သိရသည်။
#TachileikNewsAgency