လားရှိုးမြို့တွင် တောင်ယာမီးရှို့ရာက စစ်ကျန်မြေမြှုပ်မိုင်းကွဲ

လားရှိုးမြို့တွင် တောင်ယာမီးရှို့ရာက စစ်ကျန်မြေမြှုပ်မိုင်းကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နေ့လယ်(၁)နာရီကျော်က တောင်ယာမီးရှို့ရာမှ စစ်ကျန်မြေမြှုပ်မိုင်းပေါက်ကွဲသွားကြောင်း ဒေသခံများထံမှ သိရသည်။

“တောမီးရှို့ရင် လက်ကျန်မကွဲသေးတဲ့မိုင်းပေါက်ကွဲတာ။ တောင်ခြေတောရကျောင်း နေခြည်ဘက်။ လူထိခိုက်တာတော့ မကြားရဘူး။ လူတွေက သတင်းမှားတွေတင်နေကြတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လားရှိုးမြို့ ရပ်ကွက်(၁) တောရတောင်ခြေတွင် တောင်ယာမီးရှို့ရာက စစ်လက်ကျန်မြေမြှုပ်မိုင်းကွဲသွားခြင်းဖြစ်ပြီး ပြည်သူများ မစိုးရိမ်ကြရန်လည်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးက အသိပေးထားသည်။

MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် လားရှိုးမြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့စဉ် အဆိုပါနေရာအနီး၌ စစ်ကောင်စီတပ်ဘက်က တပ်စွဲနေထိုင်ခြင်းများရှိခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency