မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် မိဘများမရှိချိန် အဒေါ်ဖြစ်သူ၏ ရိုက်နှက်မှုကြောင့် ကလေးတစ်ဦး သေဆုံးသွားသည်ဟု စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ် ဟံသာဝတီရပ်ကွက် ရှမ်းဘုရားအနီး နေအိမ်တစ်အိမ်၌ (၉)နှစ်အရွယ်ခန့်ရှိ မိန်းကလေးတစ်ဦးကို မိဘများနေအိမ်၌မရှိစဉ် အဒေါ်ဖြစ်သူက တံမြက်စည်းတုတ်ဖြင့် အကြိမ်ကြိမ်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ကလေးငယ်သည် အကြိမ်ကြိမ်ရိုက်နှက်ခံထားရသော ဒဏ်ရာအများအပြားနှင့် အတွင်းကြေဒဏ်ရာများရရှိကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့ ညကတည်းက သေဆုံးသွားကြောင်း ယူဆရသည်ဟု ဆိုသည်။
ထို့ကြောင့် စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံ ယနေ့ ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်(၈)နာရီတွင် အကြောင်းကြားလာသဖြင့် ကလေးငယ်၏ ရုပ်အလောင်းအား စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းက သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အဒေါ်ဖြစ်သူက မည်သည့်အတွက်ကြောင့် ရိုက်နှက်သည်ကိုမူ မသိရသေးပါ။
#TachileikNewsAgency
#TNA_MAT
Photo:စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း