ပဲခူးတိုင်း ရွှေကျင်မြို့နယ်(ဆောထိ)နှင့် မုန်းမြို့နယ်(မူး)တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးဒဏ်ရာရပြီး နေအိမ်နှစ်လုံးပျက်စီးသည်ဟု KNU ထံမှ သိရသည်။
ဆောထိမြို့နယ် ချုံအင်းရွာကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေပိုင်းတွင် တောင်ဝိ ကျေးရွာမှနေ၍ ဒရုန်းဖြင့် (၁၂၀)မမ ဗုံးသီချတိုက်ခိုက်သဖြင့် စောကမဲနှင့် ဦးမူးကြူတို့၏ နေအိမ်များ ပျက်စီးသည်ဟု သိရသည်။
ဖေဖော်ဝါရီလ(၂)ရက်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ် ခမရ(၅၉၉)တပ်ရင်း တုံးတောစခန်းမှနေ၍ (၈၁)မမ လက်နက်ကြီး (၂)လုံးပစ်ခတ်ရာ လက်ပံတန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အသက် (၆၄)နှစ်ရှိ ဒေါ် ဝင်းဌေး ဒဏ်ရာသည်ဟု သိရသည်။
ထို့အပြင် ကျုံဒိုးမြို့နယ်၊ လောင်းကိုင်အုပ်စု ဖားကျကျေးရွာကိုလည်း ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လယ်ပိုင်း တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် စကခ(၁၂)လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းမှ (၁၇၀)မမ လက်နက်ကြီး၍ ရာဘာခြံအတွင်း ကျရောက်ပေါက်ကွဲကာ အသက် (၁၂) အရွယ်ရှိ မန်းပိုင်ပိုင်ဒဏ်ရာရပြီး အ သက်(၂၀)အရွယ် နန်းမြင့်မြင့်ဆန်း သေဆုံးသွားသည်။
အဆိုပါလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နန်းမြင့်သန်း၏ ရာဘာခြံမီးလောင်ပျက်စီးသွားပြီး မန်းဝင်း ညွန့်၏ နေအိမ်လည်းထိခိုက်မှုရှိကာ ရာဘာခြံလည်းပျက်စီးသွားသည်ဟု သိရသည်။