၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၆၀၀ ဝန်းကျင်ကို တော်လှန်ရေးတပ်များသိမ်း

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၆၀၀ ဝန်းကျင်ကို တော်လှန်ရေးတပ်များသိမ်း

မြန်မာပြည်တဝှမ်းလုံးရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၍ စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆက်လက်လျှောက်လှမ်းနေကြသည်။ 

၂၀၂၄ခုနှစ်အတွင်း မြန်မာပြည်တဝှမ်းလုံးရှိ စစ်ကောင်စီ တပ်စခန်းပေါင်း(၆၀၀)ဝန်းကျင်ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး နွေဦးတော်လှန်ရေးကာလ (၄)နှစ်ပြည့်ပြီးနောက် ၂၀၂၅ခုနှစ် နှစ်အစတွင်လည်း စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နေသည်။

ထူးခြားချက်အနေဖြင့် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအလွန်တွင် ချင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့အတွင်း KIA၊ ချင်းအမျိုးသားတော်လှန်ရေးတပ်များနှင့် PDF တပ်များက စစ်ကောင်စီ၏ တပ်စခန်းများကို ပိုမိုသိမ်းပိုက်လာနိုင်သည်ကိုတွေ့ရသည်။ 

၁၀၂၇ စစ်ဆင်းရေးနောက်ပိုင်း တိုင်းရင်းသားတော်လှန်ရေးတပ်များသည် စစ်ကောင်စီ၏ ကင်စခန်း၊ ဗျူဟာစခန်းကုန်းများကို သိမ်းပိုက်နိုင်ခဲ့ရာ ကချင်ပြည်နယ်မှ (၁၄၉)ခု၊ ရခိုင်ပြည်နယ်မှ (၁၁၃)ခုနှင့် မန္တလေးတိုင်းမှ (၆၆)ခု အများဆုံးသိမ်းပိုက်နိုင်ခဲ့ကြသည်။



 

ထို့အပြင် ၂၀၂၄ခုနှစ်အတွင်း တိုက်ပွဲပေါင်း (၄၀၀၀)ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၇၀၀၀)ကျော် သေဆုံးနိုင်သည်ဟု သုတေသန အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်သော ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီ လှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့က ဖော်ပြသည်။

#TachileikNewsAgency

#TNA_MAT

Photo:ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီ လှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့