မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့တွင်းရှိ နေအိမ်အများအပြား ထိမှန်ပျက်စီး

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့တွင်းရှိ နေအိမ်အများအပြား ထိမှန်ပျက်စီး

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့တွင်းရှိ နေအိမ်အများအပြား ထိမှန်ပျက်စီးသွားကြောင်း Chinland Defense Force Matupi - Brigade 1 က ဖော်ပြသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့မှ (၂၉)ရက်နေ့အထိ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့် လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် မတူပီမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ခရစ်ယာန်တို့၏ အထွ‌ဋ်အမြတ်ထား‌သော ဘာသာရေးအဆောက်အအုံနှင့် ပြည်သူ‌နေအိမ်များကို အကြောင်းမဲ့ ပစ်မှတ်ထား ဗုံးကြဲခဲ့သည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့်ဗုံးကြဲခြင်းကြောင့် ယူနီယံ ဓမ္မကောလိပ်၊ Union Theological College (UTC)၊ မတူပီနှစ်ခြင်း အသင်းတော်၊ Matupi Baptist Church၊ ထပ်ဒွန်းနှစ်ခြင်းဘုရားကျောင်းနှင့် That Dun Memorial Baptist Church တို့လည်း ပျက်စီးသွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Chinland Defense Force Matupi - Brigade 1