စစ်ကောင်စီတပ်၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်နိုင်သဖြင့် KNLA တပ်ရင်း(၂၇) တပ်ရင်းမှူး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော ကို KNU က သူရဘွဲ့ချီးမြင့်သည်ဟု သိရသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်မှုနယ်မြေ ကောကရိတ်မြို့နယ် အာရှလမ်းမကြီး စစ်မြေပြင် တစ်နေရာ၌ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား၌ ဗိုလ်ဒါဘောကို သူရဘွဲ့ ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောသည် ရှေ့တန်းစစ်မြေပြင်တွင် မကြောက်မရွံ့ဘဲ စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ့်၊ ဖျက်ဆီးနိုင်သဖြင့် ရဲစွမ်းသတ္တိအ ပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မီသော ဗိုလ်မှူးတစ်ဦးဟုဆိုကာ သူရဘွဲ့တံဆိပ်ကို KNLA (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြင့်သည်ဟု သိရသည်။
အဆိုပါ အခမ်းအနားကို သဘာပတိ ဗိုလ်မှူးကြီး စောနယ်ဒါထူး၊ ကရင်လွတ်မြောက်ရေးတပ်မတော်(ဗဟို) စစ်ဦးစီး ပထမတန်း(G1) ဗိုလ်မှူးချုပ် စောတာမလာသော၊ တပ်မဟာ(၆) ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူး၊ တပ်းရင်း (၂၇) တပ်ရင်းမှူး၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော၊ တပ်ဗိုလ်၊ တပ်မှူးများနှင့် တပ်သားများ တက်ရောက်သည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: KNU