နှစ်ရှည်ထောင် ချမှတ်ခံထားရသည့် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုး  တောင်လေးလုံး ထောင်ပိုင်အိမ်တွင် အခွင့်အထူးခံကာ  နေထိုင်နေ

 နှစ်ရှည်ထောင် ချမှတ်ခံထားရသည့် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုး  တောင်လေးလုံး ထောင်ပိုင်အိမ်တွင် အခွင့်အထူးခံကာ  နေထိုင်နေ

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကျားဖြန့်နှိမ်နင်းရေးအပြီး ဖမ်းဆီးခံရသည့်   တိုင်းမှူးဟောင်း ဗိုလ်ချုပ် လှမိုးမှာ နှစ်ရှည်ထောင် ချမှတ်ခံရပြီးနောက် ရဲဘက်စခန်းရှိ ထောင်ပိုင်အိမ်တွင် ခွင့်အထူးခံကာ သာသာယာယာရှိနေကြောင်း သိရသည်။

"တိုင်းမှူးက တောင်လေးလုံး ရဲဘက်စခန်း ထောင်ပိုင်အိမ်မှာနေတာ။ သူ ထောင်စကျတော့ ထောင်ပိုင်က အိမ်ရွှေ့ပေးရတာ။ အခုထိလည်း အေးဆေးပဲ။ တပည့်တပန်းတွေနဲ့။ ပြီးရင် တပ်က အရာရှိတွေဆို ထောင်ထဲမှာ အခွင့်ထူးခံပေါ့။ ရုံးတွေမှာ အများဆုံးထားတာ။"ဟု ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ပြောသည်။



ဗိုလ်ချုပ်လှမိုးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်  အပြင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီးမှ အနားပေးခံရခြင်းဖြစ်သည်။

အနားပေးခံထားရပြီးနောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကျားဖြန့် နှိမ်နှင်းရေးအပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဟောင်း ဦးပယ်ဆောက်ချိန်ကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပြီး ၎င်း၏ ထွက်ဆိုမှုများကြောင့် ဗိုလ်ချုပ်လှမိုးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၂၀၂၄ခုနှစ်အတွင်းက ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။