စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် လမ်းပိုင်းကင်းယူ၍ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် လမ်းပိုင်းကင်းယူ၍ ငွေကြေးကောက်ခံနေသည့် တောပုကျေးရွာမှ ပျူစောထီးနှင့် စစ်သားများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့ မနက် (၉)နာရီကျော်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် လမ်းပိုင်းကင်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDFတပ်ဖွဲ့ (၁)၊ Special Force-11(LPDF)Monywa, Special ဒိတ်ဒိတ်ကြဲအဖွဲ့နှင့် Monywa Dynamite (STF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: Internet (ပုံဟောင်း)