ကျိုင်းတုံမြို့တွင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ကျိုင်းတုံမြို့တွင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံမြို့ပေါ် အမှတ်(၅)ရပ်ကွက် နောင်ခေ့တွင် နေအိမ် မီးလောင်မှုကြောင့် အိမ်ရှင် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

၂၀၂၅ခုနှစ် ဇန်ဝါရီလ(၂၁)ရက်နေ့ နံနက်(၃)နာရီခွဲဝန်းကျင်အချိန်က နေအိမ်မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်ပိုင်ရှင်ဖြစ်သူ ဦးအောင်နိုင်မှာ မီးလောင်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

မီးမှာ အချိန်မြင့်စွာ လောင်ကျွမ်းမှုကြောင့် ကျိုင်းတုံခရိုင်နှင့်မြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး အပါအဝင်  မီးငြှိမ်းသတ်ယာဉ် (၄)စီး နှင့်  ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ငြှိမ်းသတ်ရာ နံနက်(၄)နာရီခွဲဝန်းကျင်မှ မီးလုံးဝ ငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်တစ်လုံး လုံး မီးလောင်ပြာကျသွားခဲ့ရသလို အိမ်ရှင်ဖြစ် အမျိုးသားမှာလည်း မီးလောင်သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်မှာ အားသွင်းထားသည့် ဖုန်းအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းကြောင်း သတင်းထွက်ပေါ်သလို လျှပ်စစ်မီးဝါယာကြိုး ရှော့ဖြစ်၍ လောင်းကျွမ်းသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား  တိုင်းနေနာရေးကူညီမှုအသင်းက သယ်ဆောင်ပြီး ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ 



#TachileikNewsAgency

Photo: တိုင်းနေနာရေးကူညီမှုအသင်း, မီးသတ်တပ်ဖွဲ့