ဟားခါးတွင် ပြည်သူ့စစ် ၄ ဦး CDF ဟားခါးထံ အလင်းဝင်

ဟားခါးတွင် ပြည်သူ့စစ် ၄ ဦး CDF ဟားခါးထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (၄)ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာကြောင်း CDF ဟားခါးက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ထုတ်ပြန်သည်။ 

အဆိုပါ ပြည်သူ့စစ်(၄)ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် ပူးပေါင်းလာခြင်းဖြစ်ကာ ဇန်နဝါရီလ(၈)ရက်နေ့နှင့် (၁၄)ရက်နေ့တို့တွင် အလင်းဝင်လာကြခြင်းဖြစ်သည်ဟု သိရသည်။ 

 

အလင်းဝင်လာကြသော ပြည်သူ့စစ် (၄)ဦးကို CDF ဟားခါးက ဆုငွေချီးမြှင့်ပေးပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သည့် စစ်ကောင်စီတပ်သားများကို အမြဲကြိုဆိုပြီး အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း  CDF ဟားခါးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၃)ရက်နေ့၊ (၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင်လည်း ပြည်သူ့စစ်(၃)ဦး လက်နက်များနှင့်အတူ CDF ဟားခါးထံ အလင်းဝင်လာခဲ့သည်။

#TachileikNewsAgency

#TNA_MAT

Photo: Chinland Defense Force-Hakha