စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းရံနှင့် သီးလုံးကျေးရွာတို့မှ ပျူစောထီးများအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။
ရွှေဘိုမြို့နယ် ပန်းရံကျေးရွာမှ ပျူစောထီးများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် (၈)နာရီခွဲတွင် တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရပြီးနောက် ပန်းရံကျေးရွာမှ ကားနှစ်စီး ဆိုင်ကယ်သုံးစီးတို့ဖြင့် ထွက်လာသည့် ပျူစောထီးများအား တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်စစ်ကြောင်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် (၁၅)မိနစ်ခန့်ဖြစ်ပွားပြီး ပန်းရံကျေးရွာမှ ပျူစောထီးများ သီးလုံးကျေးရွာအတွင်းသို့ ၀င်ရောက်သွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ ဇန်နဝါရီလ (၁၉)ရက်နေ့ ညနေပိုင်းတွင် သီးလုံးကျေးရွာမှ စစ်ကောင်စီဒေါက်တိုင် ပျူစောထီးတစ်ဦးဖြစ်သည့် မိဇာ အရက်ဆိုင်တွင် သောက်စား စုရပ်လုပ်နေစဉ် သတင်းရရှိ၍ ဒရုန်းဖြင့် ဗုံးသီး (၂)လုံးဖြင့် ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း ပန်းရံကျေးရွာမှ ပျူစောထီး ညိုဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ဆက်လက်စုံစမ်းနေကြောင်း Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများအား Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ ) ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊ M.sai Naw (Drone) မင်းသားချောလေး အဖွဲ့ ၊ Snake Eyes ပျံလွှား (Drone)ဖွဲ့ ၊ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊Shwebo Federal Army ၊BO BA TAW(LDF) ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇာမဏီဒေါင်း (ဒပယ) ၊HG FIGHTER ၊ YAUNG NI ၊ ဇင်ယော် အဖွဲ့၊ ဒေါင်းစစ်သည် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊တောင်သူလွတ်မြောက်ရေးအင်အားစု(FIF) ၊ Eye For Eye ၊Firly Dragon Force ၊စွန်ရဲရွှေဘို ဒေသခံ (LDF) ရွှေဘိုသား ပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:Shwebo Crocodile