မဲဆောက်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး လတ်တလော စားနပ်ရိက္ခာ ပြတ်လပ်နေသူများ အနေဖြင့် New Myanmar Foundation သို့ ဇန်နဝါရီလ(၁၅)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

မဲဆောက်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး လတ်တလော စားနပ်ရိက္ခာ ပြတ်လပ်နေသူများ အနေဖြင့် New Myanmar Foundation သို့ ဇန်နဝါရီလ(၁၅)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

 နိုင်ငံ့အာဏာသိမ်းမှုကြောင့် ပြည်တွင်းကနေ ထိုင်းနိုင်ငံ မဲဆောက်သို့  ထွက်ပြေးတိမ်းရှောင်လာနေရပြီး စားနပ်ရိက္ခာ လိုအပ်သူများ အနေဖြင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်ကြောင်း New Myanmar Foundation က အသိပေး ကြေညာထားသည်။

မဲဆောက်သို့ တိမ်းရှောင်လာပြီး စားနပ်ရိက္ခာပြတ်လပ်နေသူများကို ဖေဖော်ဝါရီလ နှင့် မတ်လအတွက် (၂)လစာ ထောက်ပံ့ပေးမည်ဖြစ်၍ ၂၀၂၅ခုနှစ် ဇနဝါရီလ(၇)ရက်နေ့ကနေ ဇန်ဝါရီလ(၁၅)ရက်နေ့အထိ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။



မဲဆောက်သို့ ရောက်ရှိနေထိုင်သည့် ဒီမိုကရေစီအင်အားစုများထဲက မိသားစုဝင်ငွေ မရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်း နှင့် နာမကျန်းသူများ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူ မရှိသူများ)၊ ကျောထောက် နောက်ခံ သားသမီး မရှိသည့် အသက်(၆၀)အထက် သက်ကြီးရွယ်အိုများအနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အရပ်သား CDM များ၏ မိသားစုဝင်များ၊ စစ်သားနှင့်ရဲ CDM များတွင် မိသားစုဝင် (၄)ဦးထက် ပိုသည့် မိသားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ၂၀၂၄ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် တိမ်းရှောင်လာရကြသူများလည်း လျှောက်ထားနိုင်ကြောင်း အသိပေးထားရှိသည်။

ရိက္ခာလိုအပ်သူများအနေဖြင့် New Myanmar Foundation ၏ ရုံးဖုန်း(ထိုင်းဖုန်း) 0659252173  သို့ သတ်မှတ်ရက်များ၏ နံနက် (၉)နာရီမှ ညနေ(၅)နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကြေညာထားသည်။

New Myanmar Foundation သည် အရေးပေါ် အခြေခံစားနပ်ရိက္ခာထောက်ပံ့မှု အစီအစဉ်သစ်အား ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်းက စတင်ခဲ့ပြီး နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ (၂)လစာအတွက် လူ(၁၀၀)ဦးအား ထောက်ပံ့ခဲ့ပြီးကြောင်း နှင့် ပြည်တွင်းကနေ မဲဆောက်သို့ လတ်တလော ရောက်ရှိလာပြီး စားနပ်ရိက္ခာပြတ်လပ်နေသူများအနေဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။