ဆင်ပေါင်ဝဲမြို့နယ် ရန်ကုန်-မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ စစ်ကောင်စီဂိတ်အား တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်

ဆင်ပေါင်ဝဲမြို့နယ် ရန်ကုန်-မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ စစ်ကောင်စီဂိတ်အား တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်

မကွေးတိုင်း အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းဟောင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ကြောင်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFPNWD ထံမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းဟောင်း ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်း ကိုးပင် EPC ရုံးတွင် အထိုင်ချတပ်ဆွဲထားပြီး ခရီးသွားပြည်သူများအား ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် အင်အား (၁၀)ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ ည (၁၀)နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

အဆိုပါ တိုက်ခိုက်မှုအား ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFPNWD ၊ သရက်ခရိုင် အမှတ် (၅) တပ်ရင်း၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တောင်တွင်းကြီး) ၊ နေပြည်တော်စစ်တိုင်း ၊ တပ်ရင်းအမှတ် ၉၀၂ တောင်တွင်းကြီးတပ်ခွဲ ၊ မကွေးပြောက်ကျားတပ်ဖွဲ့နှင့် မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဥ် (ပုံဟောင်း)