နှစ်သစ်တွင် MNDAA ကို စစ်ကောင်စီ ပထမဆုံး ဗုံးကြဲတိုက်ခိုက်

တရုတ်၏ ကြားဝင်စေ့စပ်မှု ပြုလုပ်ပေးထားသည့် ကိုးကန့်တပ်ဖွဲ့(MNDAA) ထိန်းချုပ်နယ်မြေ သီန္နီမြို့ကို စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုကလအတွင်း သိန္နီမြို့ ဟိုတယ်အနီးသို့ စစ်ကောင်စီတပ်က ဗုံးကြဲချသွားခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးသူမရှိသော်လည်း နေအိမ်များ ပျက်စီးသွားသည်ဟု ဆိုသည်။

"သိန္နီမြို့ ဟိုတယ်အနီးက နေအိမ်တစ်လုံးပေါ်ကျတယ်။ နေအိမ် (၅)လုံးလောက်တော့ ပျက်စီးသွားတယ်။ အရပ်သား ထိခိုက်သေဆုံးတာတော့ မရှိဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တရုတ်နိုင်ငံ ကူးမင်းမြို့၌ ပြီးခဲ့သည့်နှစ်က နောက်ဆုံးတွေ့ဆုံမှုတွင်လည်း စစ်ကောင်စီဘက်က လားရှိုးမြို့မှ ဆုတ်ခွာသွားရန်၊ စစ်ကောင်စီတပ်သားများကို ပြန်လွှတ်ပေးရန် တောင်းဆိုသဖြင့် MNDAA ဘက်က ပယ်ချခဲ့သည်။

နှစ်သစ်ကူးနေ့တွင်လည်း စစ်ကောင်စီတပ်သည် မန္တလေး၊ ကရင်နီနှင့် ရခိုင်ပြည်နယ်တို့ကို ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား(၁၉)ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၄၀၀၀)ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း NUG က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

#TNA_MAT

Video: Mai Ruu Mai FA