စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများအား ကြိုဆိုထောက်ခံပွဲနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ပြုလုပ်သည်ဟုသိရသည်။
မြဝတီမြို့သည် စစ်တပ်အာဏာမသိမ်းမီ မြန်မာတစ်နိုင်လုံး၏ (၆၅)ရာခိုင်နှုန်းသော ဝင်ငွေအခွန်ရရှိစေခြင်းကြောင့် နယ်စပ်မြို့နှင့် ကုန်သွယ်ရေးလမ်းကြောင်း ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် အောင်ဇေယျစစ်ကြောင်းဖြင့် ကြိုးစားနေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းသည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ ရောက်ရှိနိုင်ခြင်းမရှိတော့ဘဲ အာရှလမ်းမကြီးကိုလည်း ထိန်းချုပ်နိုင်စွမ်းမရှိတော့ဟု KNU က ဆိုသည်။
KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အထပ်ထပ်သော ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သည် နေ့စဥ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရှိခဲ့ပြီး လူအင်အား၊ လက်နက်အင်အားများ လျှော့နည်းလာသည်သာမက စားနပ်ရိက္ခာများလည်း ပြတ်လပ်နေသည်ဟု ဆိုသည်။
အဆိုပါ အခြေအနေများကြောင့် စစ်ကောင်စီတပ်သားများ နေ့စဥ်နှင့်အမျှ လက်နက်ခဲယမ်းနှင့်အတူ အလံဖြူထောင်သူများ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံ ထွက်ပြေးခိုလှုံလာသူများ ရှိနေသည်ဟု ဆိုသည်။
#TachileikNewsAgency
#TNA_MAT
Photo: KNU - Dooplaya District