မန္တလေးတိုင်း မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း လိန်ပင်ရွာထိပ်အနီး၌ ဆက်ကြေးကောက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ကြောင်း Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းထံမှ သိရသည်။
၀မ်းတွင်းမြို့တွင် ကင်းပတ်လှည့်လည်၍ ရန်ကုန်-မန္တလေးလမ်းဟောင်း လိန်ပင်ရွာထိပ်အနီး၌ ခရီသွားပြည်သူများအား ခြိမ်းခြောက်ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် ရဲတပ်သား (၅)ဦးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက် (၆) နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က ဆိုသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်နေရာများသို့ သွားလာခြင်း မပြုလုပ်ကြရန်ကိုလည်း Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် (၉)တပ်ရင်းက အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo:MBT