ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းမှ ရဲဘော်(၇)ဦး သေဆုံးသည်ဟု သိရသည်။
"မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မုံရွာခရိုင် အမှတ်(၃)တပ်ရင်းမှ ရဲဘော်(၇)ယောက် ပေးဆပ်ကျဆုံးခဲ့ရပါတယ်ဗျ။ ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် အသက်ကို ပဓာနမထားဘဲ အောင်ပွဲရရှိနိုင်ရန် ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်(၇)ဦးကိုလည်း ဦးညွှတ်ဂုဏ်ပြုအလေးနီပြုပါတယ်ဗျ။"ဟု မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားသည်။
မင်းတပ်မြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ကာ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် မြို့သိမ်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော်(၁၂)ဦး ဒဏ်ရာရပြီး ကိုယ်အင်္ဂါပြတ်တောက်သူ (၂)ဦးနှင့် ရဲဘော်(၇)ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၆၀)ဦးခန့် ဖမ်းဆီးရမိခဲ့ပြီး ၁၂၂ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။
မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့၊ ယောဒေသတော်လှန်ရေးတပ်များ၊ မုံရွာခရိုင် အမှတ်(၃)တပ်ရင်းနှင့် အာရက္ခတပ်တော်(AA)တို့ပါဝင်ခဲ့သည်။
#TachileikNewsAgency
#TNA_MAT