ချင်းပြည်နယ် မင်းတပ်မြို့သိမ်းပြီးနောက် နိုင်ငံရေးအကျဥ်းသား (၁၃)ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ချင်းညီနောင်များက ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန်သည်။
မင်းတပ်မြို့ကို အာရက္ခတပ်တော်(AA)၏ စစ်လက်နက်ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကူအညီများဖြင့် သိမ်းလိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)ကို သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့သည် စစ်ကောင်စီကင်းစင်ပြီဟု ကြေညာသည်။
ချင်းညီနောင်များ တိုက်ခိုက်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၇၀)ဝန်းကျင် လက်နက်ချ အညံ့ခံသည်ဟု ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည် ။
ချင်းညီနောင်များသည် မဟာမိတ်အင်အားစုများနှင့်ပူးပေါင်း၍ မင်းတပ်နှင့် ဖလမ်းမြို့တို့တွင် နိုဝင်ဘာလ (၉)ရက်နေ့ကစတင်ကာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ အဆက်မပြတ် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကြားမှ မြို့ပေါ်ရှိ စစ်ကောင်စီ အခြေချတပ်စခန်းများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။
ယနေ့တွင်လည်း ကန်ပက်လက်မြို့ကို ချင်းညီနောင်များက သိမ်းပိုက်လိုက်သည်ဟု သိရသည်။
#TachileikNewsAgency
Photo: Chin Defence Force - Mindat