အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံး ပျက်စီးသွားပြီဟု AA ဖော်ပြ 

ရခိုင်ပြည်နယ် အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးအခြေအနေကို အာရက္ခတပ်တော်(AA)က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်ရာချီ အလံဖြူထောင်လက်နက်ချသွားကြပြီး တိုင်းစစ်ဌာနချုပ်တစ်ခုလုံးလည်း ပျက်စီးနေကာ မီးလောင်ကျွမ်းနေသည်။

ထို့အပြင် လက်နက်ခဲယမ်းများနှင့် အတွဲလိုက်ဒုံးပစ်လက်နက်များကိုလည်း သိမ်းဆည်းရရှိထားသည်ကို ရုပ်သံတွင် မြင်တွေ့ရသည် သို့သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပြီဖြစ်ကြောင်း AA ဘက်က အတိအလင်းမကြေညာသေးပေ။

#TachileikNewsAgency

Video: AA Info Desk