စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ တပ်မ (၃၃)မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အင်အားဖြည့်တင်းရန် ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ကြောင်း Area71 PDF Monywa အဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းမြို့ တပ်မ (၃၃) မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် သို့ စစ်ကား (၁၁) စီးဖြင့် ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ ည (၉)နာရီကျော်တွင် ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က (၅)လုံး ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုသည် စစ်ကောင်စီကားတန်း၏ ဒုတိယမြောက်ကားကို ထိမှန်ခဲ့ပြီး မိုင်းစ ထိမှန်၍ ကားရပ်တန့်သွားချိန် တတိယမြောက်ကားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လမ်းဘေးဝဲယာသို့ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း Area71 PDF Monywa အဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုကြောင့် မိုင်းထိမှန်ပြီး ရပ်တန့်သွားသည့် စစ်ကောင်စီကားသည် ဆက်လက်ထွက်ခွာသွားပြီး လုံခြုံရေးအခြေနေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေအား သိရှိနိုင်ခြင်းမရှိဟု ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုအား Area71PDF Monywa ၊ မုံရွာမြို့ ပြည်သူ့ကာကွယ်ရေး ဖောက်ခွဲရေးအဖွဲ့နှင့် ANYAR DEFENCE FORCE အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo:Internet (ပုံဟောင်း)