စစ်ကောင်စီကို တိုက်ခိုက်ရန် ပြန့်ကျဲနေသည့် မဟာမိတ်တော်လှန်ရေး အင်အားစု အသီးသီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်ပူးပေါင်းရေး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ဖိတ်ခေါ် လိုက်သည်။
ယနေ့ကျရောက်သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာတွင် NUG က ယင်းသို့ပူးပေါင်းရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး စစ်အာဏာရှင်ကို စုစည်းညီညွတ် အင်အားကြီးမားစွာဖြင့် စနစ်တကျတွန်းလှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အတူကြိုးစားကြမည်ဟု ဆိုသည်။
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြု၍ နယ်ချဲ့ကိုလိုနီနှင့် ဖက်ဆစ်ဝါဒများကို တွန်းလှန်အောင်ပွဲဆင်နိုင်သကဲ့သို့ ယခုလက်ရှိတော်လှန်ကြီးကိုလည်း ယင်းကဲ့သို့ မြန်မာတနိုင်ငံလုံးရှိ ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတရပ်လုံးအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ်စိုက်ထူရေးထိုးတွန်းလှန်ကြရန် တိုက်တွန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်အောက်မှ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်သည်ထိ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့်အတူ ကျောချင်းကပ်ဆောင်ရွက်မည်ဖြစ်သည်ဟုလည်း ဆိုသည်။
စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ် ဖော်ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက် မြန်မာပြည်တဝှမ်း ပြည်သူ့ကာကွယ်ရေးတပ်များ၊ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များစွာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ NUG အနေဖြင့် စုစည်းနိုင်ခြင်း မရှိသေးခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)