ဆားတောင်မြို့ အထက်တန်းကျောင်းအတွင်း ဘောလုံးကန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်ဗုံးသီးပစ်ချ တိုက်ခိုက်ခံရ

ဆားတောင်မြို့ အထက်တန်းကျောင်းအတွင်း ဘောလုံးကန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်ဗုံးသီးပစ်ချ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ဆားတောင်မြို့ အထက်တန်းကျောင်းအတွင်း အထိုင်ချတပ်စွဲ၍ ဘောလုံးကန်နေသည့် စစ်သားနှင့် ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Fly For Justic LPDF ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းမြို့နယ် ဆားတောင်ရဲစခန်းမှ ရဲတပ်သားအချို့နှင့် ညောင်ငုတ်တိုကျေးရွာမှ ပျူစောထီးများ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေ (၄) နာရီခန့်တွင် ၎င်းတို့ အထိုင်ချ တပ်စွဲရာ အထက်တန်းကျောင်းအတွင်း ဘောလုံးကန်နေစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က Shar Htoo Wow နည်းပညာသုံး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေများနှင့် ပက်သက်ပြီး မသိရသေးဘဲ ဆက်လက်စုံစမ်းနေကြောင်း Fly For Justic LPDF အဖွဲ့မှ တာဝန်ရှိသူတဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား Fly For Justic LPDF ဒရုန်းတပ်ဖွဲ့နှင့် Young Wolf LPDF အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Fly For Justice (ပုံဟောင်း)